ပြန်လည်ပြုပြင်၊ လေဘေးဒဏ်သင့် မွေတော်ကက္ကူဘုရားတွင်
အေးအေးသင်း(ရှေးဟောင်းသုတေသန)
အေးအေးသင်း(ရှေးဟောင်းသုတေသန)
မွေတော်ကကကူဘုရားများသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ ကျောက်တစ်လုံးမြို့နယ်ခွဲ၊ ကကကူရွာတွင်တည်ရှိပါသည်။ ကကကူဆိုသည်မှာ ပအိုဝ့်ဘာသာစကားအရ (ကက်+ကူ) သည် ‘နယ်ခြားကင်းစခန်း’ဟုဆိုလိုပြီး ရှမ်းဘာသာစကားအရ (ကပ်+ကူ)သည် ‘ကုန်းမြင့်ပေါ်တွင်တည်ခင်းသောစျေးနေရာ’ ဟုခေါ်ပါသည်။
မွေတော်ကက္ကူဘုရားများ၏ ထူးခြားချက်မှာ ပင်မဘုရားကြီးနှစ်ဆူနှင့် အရံစေတီငယ်များစွာ တည်ရှိနေကြခြင်းပင်ဖြစ်ပါသည်။ ပင်မဘုရားကြီးနှစ်ဆူမှာ အသောကဆုတောင်းပြည့်စေတီတော်ကြီး နှင့် ဖောင်တော်ဆိုက်စေတီတော်ကြီးတို့ပင်ဖြစ်ပါသည်။ အသောကစေတီတော်ကြီးကို ယခင်က ရွေဂူကြီးစေတီဟုခေါ်ဆိုခဲ့ကြကာ အသောကမင်းကြီး စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခဲ့သည့်အခါက ကက္ကူရှိ ရွေဂူကြီးစေတီ (ယခု အသောကစေတီတော်ကြီး)ကိုလည်းတည်ခဲ့ပြီး၊ နရပတိစည်သူမင်းက ထပ်မံပြုပြင်မွမ်းမံခဲ့ကြောင်းကို မွေတော်ကက္ကူဘုရားရှိ မြန်မာသက္ကရာဇ်၁၁၅၅ ( အေဒီ ၁၇၉၃ခုနှစ်)က ညောင်ရွေစော်ဘွား (၂၃)ဆက်မြောက် စော်ဘွားစောယွန်းနှင့်မြို့စားများ၊ ပြည်သူပြည်သားများ စုပေါင်းလှူဒါန်းရေးထိုးခဲ့သော ကက္ကူဘုရားခေါင်းလောင်းစာတွင် ရေးသား ဖော်ပြထားပါသည်။ အဆိုပါစေတီကြီးသည် ဥာဏ်တော်အမြင့် ၄၅ တောင်ခန့်ရှိပြီး အရပ်လေးမျက်နှာရှိ မုခ်ပေါက်လေးပေါက်တွင် ဗုဒ္ဓဆင်းတုတော် တစ်ဆူစီပူဇော်ထားရှိပါသည်။
မွေတော်ကက္ကူဘုရားများတွင် အသောကဆုတောင်းပြည့် စေတီတော်ကြီးပြီးလျင် ဒုတိယမြောက် အကြီးဆုံးစေတီမှာ ဖောင်တော်ဆိုက်စေတီကြီးဖြစ်ပြီး ဥာဏ်တော်အမြင့် အတောင် ၄ဝ ခန့်ရှိပါသည်။ ဖောင်တော်ဆိုက်စေတီ၏ ပစ္စယံသည် ရှစ်မြှောင့်ပုံရှိပြီး ကြာသုံးဆင့်ခံဖောင်းရစ် ခုနှစ်ဆင့်ပါသောစေတီဖြစ်ပါသည်။အထက်ပစ္စယံတွင် အရံစေတီ(၁၆)ဆူရှိပြီး အောက်ပစ္စယံတွင် အရံစေတီ(၆)ဆူရှိပါသည်။
ယခုအခါ (၉ဧက)ခန့်ကျယ်ဝန်းသော မွေတော်ကက္ကူဘုရားဝင်းအတွင်းတွင် ခေတ်အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့ကြသဖြင့် အသောကဆုတောင်းပြည့်စေတီတော်ကြီး၊ ဖောင်တော်ဆိုက် စေတီတော်ကြီး နှင့် အရံစေတီဘုရားပေါင်း (၂၄၈၇)ဆူရှိပြီ ဖြစ်ပါသည်။ အရံစေတီငယ်များမှာ ဥာဏ်တော်(၁ဝ)တောင်မှ (၁၅)တောင်ထိ ရှိကြပြီး အုတ်ကျောင်းဆောင်များအပါအဝင် ထီးတော်တင်ထားသည့် စေတီငယ်များကို ပုံစံအမျိုးမျိုး တည်ထားကြပါသည်။ အဆိုပါ အရံစေတီငယ်များသည် အစောဆုံး အင်းဝခေတ်မှ ကုန်းဘောင်ခေတ် (အေဒီ၁၆-၁၉ရာစု) အင်္ဂတေပန်းနှင့်ရုပ်လုံးရုပ်ကြွလက်ရာများဖြင့် တန်ဆာဆင်ထားပြီး ပြန်လည်မွမ်းမံထားသည့် မျက်မှောက်ခေတ်လက်ရာများကိုပါ တွေ့မြင်ရပါသည်။
၂ဝ၁၆ခုနှစ် ဧပြီလ ၂၂ရက်နေ့တွင် လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ရာ ကက္ကူရွာအပါအဝင် မွေတော်ကက္ကူဘုရားဝင်းအတွင်းရှိ အသောကဆုတောင်းပြည့်စေတီတော်ကြီး၊ ဖောင်တော်ဆိုက် စေတီတော်ကြီးနှင့် အရံစေတီဘုရားများအပြင် ပညောင်ပင်ကြီးများပြိုလဲခဲ့သဖြင့် ဘုရားပရိဎုဏ်ပါ ပျက်စီးခဲ့ရပါသည်။ မွေတော်ကက္ကူဘုရားများကို ဘုရားဂေါပကအဖွဲ့က တိုက်ရိုက်ကွပ်ကဲကြီးကြပ် ဆောင်ရွက်လျက်ရှိသော်လည်း ရှေးဟောင်း အမွေအနှစ်လက်ရာ အများအပြား ကျန်ရှိနေသေးသည့် ရှေးဟောင်းအဆောက်အအုံများ ဖြစ်သဖြင့် ၂ဝ၁၆ခုနှစ် ဧပြီလ ၂၃ရက်နေ့ နံနက်တွင် မွေတော်ကက္ကူဘုရားများ သဘာဝဘေးဒဏ် ကျရောက်သည့်သတင်းကို ရရှိသည်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(တောင်ကြီးဌာနခွဲ)အနေဖြင့် ချက်ခြင်း ကွင်းဆင်းကာ သတင်းရယူပြီး နေပြည်တော်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရုံးချုပ်)သို့ ထူးခြားဖြစ်စဥ်အဖြစ် တင်ပြအစီရင်ခံခဲ့ပါသည်။ သဘာဎဘေးဒဏ်ကြောင့် ဘုရားများပျက်စီးခဲ့သဖြင့် ဘုရားဖူးများ အန္တရယ်မဖြစ်စေရန်အတွက် အပျက်အစီးတို့ကို တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ရဲနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ရှင်းလင်းပေးခဲ့ကြပါသည်။
၂ဝ၁၆ခုနှစ် ဧပြီလ ၂၃ရက်နေ့ နံနက်တွင် မွေတော်ကက္ကူဘုရားများ သဘာဝဘေးဒဏ် ကျရောက်သည့်သတင်းကို ရရှိသည်နှင့် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(တောင်ကြီးဌာနခွဲ)အနေဖြင့် ချက်ခြင်း ကွင်းဆင်းကာ သတင်းရယူပြီး နေပြည်တော်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရုံးချုပ်)သို့ ထူးခြားဖြစ်စဥ်အဖြစ် တင်ပြအစီရင်ခံခဲ့ပါသည်။ သဘာဝဘေးဒဏ်ကြောင့် ဘုရားများပျက်စီးခဲ့သဖြင့် ဘုရားဖူးများ အန္တရယ်မဖြစ်စေရန်အတွက် အပျက်အစီးတို့ကို တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ရဲနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ရှင်းလင်းပေးခဲ့ကြပါသည်။
၂ဝ၁၆ခုနှစ် ဧပြီလ ၂၄ရက်နေ့တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ခေါင်းဆောင်သော ရှေးဟောင်းအဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာပညာရှင် များပါဝင်သည့်အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံများ ပျက်စီးမှုအခြေအနေကို အရေးပေါ် စစ်ဆေးမှုမှတ်တမ်းဖြင့် ကနဦးစစ်ဆေးခြင်း ( Emergency Inspection) နှင့် တစ်ဆူချင်း ထိခိုက်ပျက်စီးမှုအခြေအနေကို မှတ်တမ်းတင်ခြင်း (Recording and Documentation) တို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(တောင်ကြီးဌာနခွဲ)မှ ဝန်ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းသို့ပျက်စီးမှုစါရင်းများကောက်ယူသည့်အခါ မွေတော်ကက္ကူဘုရားရှိ အရံစေတီများကို Block(A)မှ Block(I)ထိ Block(၉)ခုနှင့် စေတီအသစ်များဟူ၍ အပိုင်းခွဲခြားပြီး စါရင်းကောက်ခံခဲ့ရာ စုစုပေါင်း(၂၄၈၇)ဆူရှိသည့်အနက် ထီးတော်ယိမ်းယိုင်သည့် စေတီများ အပါအဝင် စေတီတော်ပေါင်း (၁ဝ၃၈)ဆူ ပျက်စီးခဲ့ကြောင်း သိရှိခဲ့ရပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုစါရင်းသည် မွေတော်ကက္ကူဘုရား ပြန်လည်တည်ဆောက်ရေးကော်မတီ၊ ဘုရားဂေါပကအဖွဲ့တို့နှင့် တိုက်ဆိုင် စစ်ဆေးပြီးသည့်စါရင်းဖြစ်ပါသည်။
၂ဝ၁၆ခုနှစ် ဧပြီလ ၂၆ရက်နေ့တွင် သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သဘာဝဘေးဒဏ်ကျရောက်ခဲ့ သည့် မွေတော်ကကကူဘုရားများကို သွားရောက်ဖူးမြော်ပြီး ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သြဝါဒစရိယဆရာတော်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် မွေတော်ကကကူဘုရားဂေါပကအဖွဲ့နှင့်အတူ လေပြင်းမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော မွေတော်ကက္ကူဘုရားများကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရေးနှင့်ပတ်သက်ပြီး ညှိနှိုင်းလျှောက်ထား ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ထိခိုက်ပျက်စီးသွားသောစေတီများအား ပြန်လည်ပြုပြင်ရာတွင် မူလအလှူရှင်များနှင့် ပြည်သူလူထုတို့ လှူဒါန်းလိုပါက လွယ်လင့်တကူ လှူဒါန်းနိုင်ကြစေရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး) တို့တွင် အလှူငွေလက်ခံမည့်ဌာနများ ဖွင့်လှစ်ထားရှိရန်၊ ပျက်စီးသွားသောဘုရားများကို အတိအကျ စာရင်းကောက်ယူရန်နှင့် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ရန်တို့အတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက ပူးပေါင်းကူညီဆောင်ရွက်ပေးသွားရန် ကိုလည်းလမ်းညွန်ခဲ့ပါသည်။ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွန်ချက်အရ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနက တာဝန်ယူ ကောက်ခံ ပေးပြီး မွေတော်ကကကူဘုရားဂေါပကအဖွဲ့သို့
လွဲပြောင်းပေးအပ်ခဲ့သည့် အလှူငွေပေါင်းမှာ ၂ဝ၁၇ခုနှစ်ဖေဖေါ်ဎါရီလကုန်အထိ
ကျပ်သိန်းပေါင်း (၁၇ဝ.၇၅၅) ရှိပြီဖြစ်ပါသည်။ဘုရားဂေါပကအဖွဲ့သို့
လွဲပြောင်းပေးအပ်ခဲ့သည့် အလှူငွေပေါင်းမှာ ၂ဝ၁၇ခုနှစ်ဖေဖေါ်ဎါရီလကုန်အထိ
ကျပ်သိန်းပေါင်း (၁၇ဝ.၇၅၅) ရှိပြီဖြစ်ပါသည်။
၂ဝ၁၆ခုနှစ်ဧပြီလ၂၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မွေတော်ကက္ကူဘုရား ပြန်လည်ပြုပြင်မွမ်းမံရေးဆိုင်ရာ အစည်းအဝေးအမှတ်စဥ်(၁)အရ သြဝါဒဆရာတော်ကြီးများ၊ နာယကများ၊ ဦးစီးကော်မတီများ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ မွေတော်ကကကူဘုရား ပြန်လည်ပြုပြင် မွမ်းမံရာတွင် ကြီးကြပ်ကွပ်ကဲဆောင်ရွက်သွားရန်၊ ဘုရားပရိဝုဏ်ခြံစည်းရိုးကို ဦးစွာပြုပြင်ရန်၊ ဆုတောင်းပြည့် အာသောကစေတီတော်ကြီးနှင့် ဖောင်တော်ဆိုက်စေတီတော်ကြီးတို့ကို ပြုပြင်ရန်နှင့် အရံစေတီများကို ပြုပြင်ရာတွင် အဆင့်များခွဲဲခြား ပြုပြင်သွားရန်အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
ယခုအခါ ဘုရားပရိဝုဏ်ခြံစည်းရိုးကို ပြုပြင်ပြီးဖြစ်ကာ ဆုတောင်းပြည့်အာသောက စေတီတော်ကြီးနှင့်တကွ ဆက်စပ်စောင်းတန်းလေးသွယ်ကိုပါ ပြုပြင်ပြီးစီးပြီဖြစ်သဖြင့် တပေါင်းလပြည့်နေ့ (၁၂.၃.၂ဝ၁၇ ရက်နေ့) တွင် ထီးတော်တင်ပွဲကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ ဆက်လက်ပြီး အရံစေတီများကိုပါ ပြုပြင်မွမ်းမံလျက်ရှိရာ မူလအလှူရှင်များကို ဦးစားပေးကာ ပြန်လည်ပြုပြင်ခွင့်ပေးလျက်ရှိပြီး မူလအလှူရှင်မရှိသည့် ဘုရားအဆူ(၅ဝ)ခန့်ကိုမူ ကျန်အလှူရှင်များ၏အလှူငွေများအား ခုနှစ်ရက်သားသမီးအလှူအဖြစ် ကမ္ဗည်းတပ်၍ ပြုပြင်သွားရန်၊ အရံစေတီများ ပြုပြင်မွမ်းမံရာတွင် မူလလက်ရာမပျက်စေရန်အတွက် မူလအသုံးပြုခဲ့သည့် အုတ်၊ ကျောက်အမျိုးအစားများကိုသာသုံးရန်၊ မူလအရောင်မပျောက် စေရန်အတွက် မြေဝါ၊မြေနီရောစပ် သုတ်လိမ်းရန်၊ ထီးတော်ကို ဒေသထီး၊ သံထီးတော်သာသုံးရန်နှင့် သစ်စေးရောင်သုံးရန်၊ ပြုပြင်မွမ်းမံရာ၌ မူလရှိသည့် အင်္ဂတေအမွမ်းပန်းများနှင့် ရုပ်လုံး၊ရုပ်ကြွများ ပျက်စီးမှုမရှိစေရန် စသည်ဖြင့် ၂ဝ၁၆ခုနှစ် သြဂုတ်လ၂၆ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မွေတော်ကက္ကူဘုရားများ ပြန်လည်ပြုပြင်မွမ်းမံရေးဆိုင်ရာ အစည်းအဝေး အမှတ်စဥ်(၂) အရ ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မွေတော်ကက္ကူဘုရား ဂေါပကအဖွဲ့က အလှူငွေ ကောက်ခံရရှိမှုနှင့် ပတ်သက်၍ (၁.၅.၂ဝ၁၆)ရက်နေ့မှ (၃ဝ.၇.၂ဝ၁၆)ရက်နေ့အထိ အလှူငွေကျပ်သိန်းပေါင်း (၂ဝဝဝ)ကျော် ရရှိပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ သို့ဖြစ်၍ ရရှိပြီးသောအလှူငွေဖြင့် ဘုရားပရိဝုဏ်ခြံစည်းရိုး ပြုပြင်ခြင်းနှင့် ဆုတောင်းပြည့် အာသောကစေတီတော်ကြီးနှင့် ဖောင်တော်ဆိုက် စေတီတော်ကြီးတို့ကို ပြုပြင်ခြင်း တို့အတွက် လုံလောက်မှုရှိပြီး အရံစေတီတော်များ ပြုပြင်ရန်အတွက်ကို မူလအလှူရှင်များက ဆက်သွယ်လှူဒါန်းပေးကြရန် လိုအပ်ပါသည်။ ထို့အပြင် မူလအလှူရှင်မရှိသောအရံစေတီ အဆူ(၅ဝ)အတွက်ကိုမူ ခုနှစ်ရက်သားသမီးအလှူအဖြစ် ဝိုင်းဝန်းလှူဒါန်းနိုင်ကြမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ ရှေးဟောင်းမွေတော်ကကကူဘုရားများ ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် မူလ အလှူရှင်များသာမက ခုနှစ်ရက်သားသမီးအလှူအဖြစ် ကုသိုလ်ပါဝင်လိုသူများသည် အောက်ပါ အလှူခံဌာနများ တွင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
(က) မွေတော်ကကကူဘုရားဂေါပကအဖွဲ့ - ဝ၈၁-၂ဝဝ၂၆ဝ၊ ဝ၉-၅၂၁ဝ၃၈၇
(ခ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)- ဝ၆၇-၄ဝ၈ဝ၄ဝ
(ဂ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်)- ဝ၁- ၅၁၃၈၉၇
(ဃ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မနတလေး)- ဝ၂-၆ဝဝ၅၉
(င) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(တောင်ကြီး)-ဝ၈၁-၂၁၂၁၁၅၇
(က) မွေတော်ကကကူဘုရားဂေါပကအဖွဲ့ - ဝ၈၁-၂ဝဝ၂၆ဝ၊ ဝ၉-၅၂၁ဝ၃၈၇
(ခ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(နေပြည်တော်)- ဝ၆၇-၄ဝ၈ဝ၄ဝ
(ဂ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ရန်ကုန်)- ဝ၁- ၅၁၃၈၉၇
(ဃ) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မနတလေး)- ဝ၂-၆ဝဝ၅၉
(င) ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(တောင်ကြီး)-ဝ၈၁-၂၁၂၁၁၅၇
ျပန္လည္ျပဳျပင္ ေလေဘးဒဏ္သင့္ေမြေတာ္ကကၠဴဘုရားတြင္
ေအးေအးသင္း(ေရွးေဟာင္းသုေတသန)
ေမြေတာ္ကကၠဴဘုရားမ်ားသည္
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ၾကီးခရိုင္၊ ေတာင္ၾကီးျမိဳ႕နယ္၊ ေက်ာက္တစ္လံုးျမိဳ႕နယ္ခြဲ၊
ကကၠဴရြာတြင္တည္ရွိပါသည္။ ကကၠဴဆိုသည္မွာ ပအို၀့္ဘာသာစကားအရ (ကက္+ကူ)သည္ “နယ္ျခားကင္းစခန္း”ဟုဆိုလိုျပီး
ရွမ္းဘာသာစကားအရ (ကပ္+ကူ)သည္ “ကုန္းျမင့္ေပၚတြင္တည္ခင္းေသာေစ်းေနရာ” ဟုေခၚပါသည္။
ေမြေတာ္ကကၠဴဘုရားမ်ား၏
ထူးျခားခ်က္မွာ ပင္မဘုရားၾကီးႏွစ္ဆူႏွင့္ အရံေစတီငယ္မ်ားစြာ တည္ရွိေနၾကျခင္းပင္ျဖစ္ပါသည္။
ပင္မဘုရားၾကီးႏွစ္ဆူမွာ အေသာကဆုေတာင္းျပည့္ေစတီေတာ္ၾကီး ႏွင့္ ေဖာင္ေတာ္ဆိုက္ေစတီေတာ္ၾကီးတို႔ပင္ျဖစ္ပါသည္။
အေသာကေစတီေတာ္ၾကီးကို ယခင္က ေရႊဂူၾကီးေစတီဟုေခၚဆိုခဲ့ၾကကာ အေသာကမင္းၾကီး ေစတီေပါင္း
ရွစ္ေသာင္းေလးေထာင္ တည္ခဲ့သည့္အခါက ကကၠဴရွိ
ေရႊဂူၾကီးေစတီ (ယခု အေသာကေစတီေတာ္ၾကီး)ကိုလည္းတည္ခဲ့ျပီး၊ နရပတိစည္သူမင္းက ထပ္မံျပဳျပင္မြမ္းမံခဲ့ေၾကာင္းကို
ေမြေတာ္ကကၠဴဘုရားရွိ ျမန္မာသကၠရာဇ္၁၁၅၅ ( ေအဒီ ၁၇၉၃ခုႏွစ္)က ေညာင္ေရႊေစာ္ဘြား (၂၃)ဆက္ေျမာက္
ေစာ္ဘြားေစာယြန္းႏွင့္ျမိဳ႕စားမ်ား၊ ျပည္သူျပည္သားမ်ား စုေပါင္းလွဴဒါန္းေရးထိုးခဲ့ေသာ
ကကၠဴဘုရားေခါင္းေလာင္းစာတြင္ ေရးသား ေဖာ္ျပထားပါသည္။ အဆိုပါေစတီၾကီးသည္ ဥာဏ္ေတာ္အျမင့္
၄၅ ေတာင္ခန္႕ရွိျပီး အရပ္ေလးမ်က္ႏွာရွိ မုခ္ေပါက္ေလးေပါက္တြင္ ဗုဒၶဆင္းတုေတာ္ တစ္ဆူစီပူေဇာ္ထားရွိပါသည္။
ေမြေတာ္ကကၠဴဘုရားမ်ားတြင္ အေသာကဆုေတာင္းျပည့္
ေစတီေတာ္ၾကီးျပီးလွ်င္ ဒုတိယေျမာက္ အၾကီးဆံုးေစတီမွာ ေဖာင္ေတာ္ဆိုက္ေစတီၾကီးျဖစ္ျပီး
ဥာဏ္ေတာ္အျမင့္ အေတာင္ ၄၀ ခန္႕ရွိပါသည္။ ေဖာင္ေတာ္ဆိုက္ေစတီ၏ ပစၥယံသည္ ရွစ္ေျမွာင့္ပံုရွိျပီး
ၾကာသံုးဆင့္ခံေဖာင္းရစ္ ခုႏွစ္ဆင့္ပါေသာေစတီျဖစ္ပါသည္။အထက္ပစၥယံတြင္ အရံေစတီ(၁၆)ဆူရွိျပီး
ေအာက္ပစၥယံတြင္ အရံေစတီ(၆)ဆူရွိပါသည္။
ယခုအခါ
(၉ဧက)ခန္္႔က်ယ္၀န္းေသာ ေမြေတာ္ကကၠဴဘုရား၀င္းအတြင္းတြင္ ေခတ္အဆက္ ဆက္က တည္ထားကိုးကြယ္ခဲ့ၾကသျဖင့္
အေသာကဆုေတာင္းျပည့္ေစတီေတာ္ၾကီး၊ ေဖာင္ေတာ္ဆိုက္ ေစတီေတာ္ၾကီး ႏွင့္ အရံေစတီဘုရားေပါင္း
(၂၄၈၇)ဆူရွိျပီျဖစ္ပါသည္။ အရံေစတီငယ္မ်ားမွာ ဥာဏ္ေတာ္(၁၀)ေတာင္မွ (၁၅)ေတာင္ထိရွိၾကျပီး
အုတ္ေက်ာင္းေဆာင္မ်ားအပါအ၀င္ ထီးေတာ္တင္ ထားသည့္ ေစတီငယ္မ်ားကို ပံုစံအမ်ိဳးမ်ိဳးတည္ထားၾကပါသည္။
အဆိုပါ အရံေစတီငယ္မ်ားသည္ အေစာဆံုး အင္း၀ေခတ္မွ
ကုန္းေဘာင္ေခတ္ (ေအဒီ၁၆-၁၉ရာစု) အဂၤေတပန္းႏွင့္ရုပ္လံုး ရုပ္ၾကြလက္ရာ မ်ားျဖင့္ တန္ဆာဆင္ထားျပီး
ျပန္လည္မြမ္းမံထားသည့္ မ်က္ေမွာက္ေခတ္လက္ရာ မ်ားကိုပါ ေတြ႔ျမင္ရပါသည္။
၂၀၁၆ခုႏွစ္
ဧျပီလ ၂၂ရက္ေန႔တြင္ ေလျပင္းမုန္တိုင္းတိုက္ခတ္ခဲ့ရာ ကကၠဴရြာအပါအ၀င္ ေမြေတာ္ကကၠဴဘုရား၀င္းအတြင္းရွိ
အေသာကဆုေတာင္းျပည့္ေစတီေတာ္ၾကီး၊ ေဖာင္ေတာ္ဆိုက္ ေစတီေတာ္ၾကီးႏွင့္ အရံေစတီဘုရားမ်ားအျပင္
ပေညာင္ပင္ၾကီးမ်ားျပိဳလဲခဲ့သျဖင့္ ဘုရားပရိဝုဏ္ပါ ပ်က္စီးခဲ့ရပါသည္။ ေမြေတာ္ကကၠဴဘုရားမ်ားကို
ဘုရားေဂါပကအဖြဲ႕က တိုက္ရိုက္ကြပ္ကဲၾကီးၾကပ္ ေဆာင္ရြက္လ်က္ရွိေသာ္လည္း ေရွးေဟာင္း အေမြအႏွစ္လက္ရာ အမ်ားအျပား က်န္ရွိေနေသးသည့္
ေရွးေဟာင္းအေဆာက္အအံုမ်ား ျဖစ္သျဖင့္ ၂၀၁၆ခုႏွစ္ ဧျပီလ ၂၃ရက္ေန႔ နံနက္တြင္ ေမြေတာ္ကကၠဴဘုရားမ်ား
သဘာ၀ေဘးဒဏ္ က်ေရာက္သည့္သတင္းကို ရရွိသည္ႏွင့္ ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန(ေတာင္ၾကီးဌာနခြဲ)အေနျဖင့္
ခ်က္ျခင္း ကြင္းဆင္းကာ သတင္းရယူျပီး ေနျပည္ေတာ္ရွိ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန
(ရုံးခ်ဳပ္)သို႔ ထူးျခားျဖစ္စဥ္အျဖစ္ တင္ျပအစီရင္ခံခဲ့ပါသည္။ သဘာဝေဘးဒဏ္ေၾကာင့္ ဘုရားမ်ားပ်က္စီးခဲ့သျဖင့္
ဘုရားဖူးမ်ား အႏၱရယ္မျဖစ္ေစရန္အတြက္ အပ်က္အစီးတို႔ကို
တပ္ရင္းတပ္ဖြဲ႕မ်ား၊ ျပည္သူ႔ရဲႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္းကာ ရွင္းလင္းေပးခဲ့ၾကပါသည္။
၂၀၁၆ခုႏွစ္
ဧျပီလ ၂၄ရက္ေန႔တြင္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ေခါင္းေဆာင္ေသာ
ေရွးေဟာင္းအေဆာက္အအံု ထိန္းသိမ္းေရးဆိုင္ရာပညာရွင္ မ်ားပါ၀င္သည့္အဖြဲ႔သည္ ေရွးေဟာင္းအေဆာက္အအံုမ်ား
ပ်က္စီးမႈအေျခအေနကို အေရးေပၚ စစ္ေဆးမႈမွတ္တမ္းျဖင့္ ကနဦးစစ္ေဆးျခင္း ( Emergency
Inspection) ႏွင့္ တစ္ဆူခ်င္း ထိခိုက္ပ်က္စီးမႈအေျခအေနကို မွတ္တမ္းတင္ျခင္း
(Recording and Documentation) တို႔ကို ေရွးေဟာင္းသုေတသနႏွင့္
အမ်ိဳးသားျပတိုက္ဦးစီးဌာန(ေတာင္ၾကီးဌာနခြဲ)မွ ၀န္ထမ္းမ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္ခဲ့ၾကပါသည္။
ယင္းသို႔ပ်က္စီးမႈစါရင္းမ်ားေကာက္ယူသည့္အခါ ေမြေတာ္ကကၠဴဘုရားရွိ အရံေစတီမ်ားကို
Block(A)မွ Block(I)ထိ Block(၉)ခုႏွင့္ ေစတီအသစ္မ်ားဟူ၍ အပိုင္းခြဲျခားျပီး စါရင္းေကာက္ခံခဲ့ရာ စုစုေပါင္း(၂၄၈၇)ဆူရွိသည့္အနက္
ထီးေတာ္ယိမ္းယိုင္သည့္ ေစတီမ်ား အပါအ၀င္ ေစတီေတာ္ေပါင္း (၁၀၃၈)ဆူ ပ်က္စီးခဲ့ေၾကာင္း
သိရွိခဲ့ရပါသည္။ အဆိုပါ ပ်က္စီးဆံုးရံႈးမႈစါရင္းသည္ ေမြေတာ္ကကၠဴဘုရား ျပန္လည္တည္ေဆာက္ေရးေကာ္မတီ၊
ဘုရားေဂါပကအဖြဲ႔တို႔ႏွင့္ တိုက္ဆိုင္ စစ္ေဆးျပီးသည့္စါရင္းျဖစ္ပါသည္။
၂၀၁၆ခုႏွစ္
ဧျပီလ ၂၆ရက္ေန႔တြင္ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး သူရဦးေအာင္ကိုသည္
ရွမ္းျပည္နယ္၀န္ၾကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ တာ၀န္ရွိျပည္နယ္၀န္ၾကီးမ်ား၊ ဌာနဆိုင္ရာတာ၀န္ရွိသူမ်ားႏွင့္အတူ
သဘာ၀ေဘးဒဏ္က်ေရာက္ခဲ့ သည့္ ေမြေတာ္ကကၠဴဘုရားမ်ားကို သြားေရာက္ဖူးေျမာ္ျပီး ၾကည့္ရႈစစ္ေဆးခဲ့ၾကပါသည္။
ထို႔ေနာက္ ျပည္ေထာင္စု၀န္ၾကီးသည္ ၾသ၀ါဒစရိယဆရာေတာ္မ်ား၊ ရွမ္းျပည္နယ္၀န္ၾကီးခ်ဳပ္၊
တာ၀န္ရွိ ျပည္နယ္၀န္ၾကီးမ်ား၊ ပအို၀့္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႔ဥကၠဌ၊
ဌာနဆိုင္ရာတာ၀န္ရွိ သူမ်ားႏွင့္ ေမြေတာ္ကကၠဴဘုရားေဂါပကအဖြဲ႔ႏွင့္အတူ ေလျပင္းမုန္တိုင္းဒဏ္ေၾကာင့္
ပ်က္စီးသြားေသာ ေမြေတာ္ကကၠဴဘုရားမ်ားကို ေရွးမူမပ်က္ျပန္လည္ျပဳျပင္ေရးႏွင့္ပတ္သက္ျပီး
ညိွႏႈိင္းေလ်ွာက္ထား ေဆြးေႏြးခဲ့ပါသည္။ ထို႔အျပင္ ထိခိုက္ပ်က္စီးသြားေသာေစတီမ်ားအား
ျပန္လည္ျပဳျပင္ရာတြင္ မူလအလွဴရွင္မ်ားႏွင့္ ျပည္သူလူထုတို႔ လွဴဒါန္းလိုပါက လြယ္လင့္တကူ
လွဴဒါန္းႏိုင္ၾကေစရန္အတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (ေနျပည္ေတာ္၊
ရန္ကုန္၊ မႏၱေလး၊ ေတာင္ၾကီး) တို႔တြင္ အလွဴေငြလက္ခံမည့္ဌာနမ်ား ဖြင့္လွစ္ထားရွိရန္၊
ပ်က္စီးသြားေသာဘုရားမ်ားကို အတိအက် စာရင္းေကာက္ယူရန္ႏွင့္ မူလလက္ရာအတိုင္း ျပန္လည္ျပဳျပင္ရန္တို႔အတြက္
ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက ပူးေပါင္းကူညီေဆာင္ရြက္ေပးသြားရန္
ကိုလည္းလမ္းညႊန္ခဲ့ပါသည္။ သာသနာေရးႏွင့္ယဥ္ေက်းမႈ၀န္ၾကီးဌာန ျပည္ေထာင္စု၀န္ၾကီး၏ လမ္းညႊန္ခ်က္အရ
ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနက တာ၀န္ယူ ေကာက္ခံ ေပးျပီး ေမြေတာ္ကကၠဴဘုရားေဂါပကအဖြဲ႔သို႔
လႊဲေျပာင္းေပးအပ္ခဲ့သည့္ အလွဴေငြေပါင္းမွာ ၂၀၁၇ခုႏွစ္ေဖေဖၚဝါရီလကုန္အထိ က်ပ္သိန္းေပါင္း (၁၇၀.၇၅၅) ရွိျပီျဖစ္ပါသည္။
၂၀၁၆ခုႏွစ္ဧျပီလ၂၆ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္ ေမြေတာ္ကကၠဴဘုရား
ျပန္လည္ျပဳျပင္ မြမ္းမံေရးဆိုင္ရာ အစည္းအေ၀းအမွတ္စဥ္(၁)အရ ၾသဝါဒဆရာေတာ္ၾကီးမ်ား၊ နာယကမ်ား၊
ဦးစီးေကာ္မတီမ်ား၊ ဆပ္ေကာ္မတီမ်ား ဖြဲ႔စည္း၍ ေမြေတာ္ကကၠဴဘုရား
ျပန္လည္ျပဳျပင္ မြမ္းမံရာတြင္ ၾကီးၾကပ္ကြပ္ကဲေဆာင္ရြက္သြားရန္၊ ဘုရားပရိဝုဏ္ျခံစည္းရိုးကို
ဦးစြာျပဳျပင္ရန္၊ ဆုေတာင္းျပည့္ အာေသာကေစတီေတာ္ၾကီးႏွင့္ ေဖာင္ေတာ္ဆိုက္ေစတီေတာ္ၾကီးတို႔ကို
ျပဳျပင္ရန္ႏွင့္ အရံေစတီမ်ားကို ျပဳျပင္ရာတြင္ အဆင့္မ်ားခြဲဲျခား ျပဳျပင္သြားရန္အတြက္
ေဆြးေႏြးဆံုးျဖတ္ခဲ့ဲၾကပါသည္။
ယခုအခါ ဘုရားပရိ၀ုဏ္ျခံစည္းရိုးကို ျပဳျပင္ျပီးျဖစ္ကာ
ဆုေတာင္းျပည့္အာေသာက ေစတီေတာ္ၾကီးႏွင့္တကြ ဆက္စပ္ေစာင္းတန္းေလးသြယ္ကိုပါ ျပဳျပင္ျပီးစီးၿပီျဖစ္သျဖင့္
တေပါင္းလျပည့္ေန႔ (၁၂.၃.၂၀၁၇ ရက္ေန႔)တြင္ ထီးေတာ္တင္ပြဲကို ခမ္းနားသိုက္ၿမိဳက္စြာ က်င္းပ
ခဲ့ပါသည္။ ဆက္လက္ျပီး အရံေစတီမ်ားကိုပါ ျပဳျပင္မြမ္းမံလ်က္ရွိရာ မူလအလွဴရွင္မ်ားကို
ဦးစားေပးကာ ျပန္လည္ျပဳျပင္ခြင့္ေပးလ်က္ရွိျပီး မူလအလွဴရွင္မရွိသည့္ ဘုရားအဆူ(၅၀)ခန္႔ကိုမူ
က်န္အလွဴရွင္မ်ား၏အလွဴေငြမ်ားအား ခုႏွစ္ရက္သားသမီးအလွဴအျဖစ္ ကမၺည္းတပ္၍ ျပဳျပင္သြားရန္၊ အရံေစတီမ်ား
ျပဳျပင္မြမ္းမံရာတြင္ မူလလက္ရာမပ်က္ေစရန္အတြက္ မူလအသုးံျပဳခဲ့သည့္ အုတ္၊ ေက်ာက္အမ်ိဳးအစားမ်ားကိုသာသံုးရန္၊
မူလအေရာင္မေပ်ာက္ ေစရန္အတြက္ ေျမဝါ၊ေျမနီေရာစပ္ သုတ္လိမ္းရန္၊ ထီးေတာ္ကို ေဒသထီး၊ သံထီးေတာ္သာသုးံရန္ႏွင့္
သစ္ေစးေရာင္သံုးရန္၊ ျပဳျပင္မြမ္းမံရာ၌
မူလရွိသည့္
အဂၤေတအမြမ္းပန္းမ်ားႏွင့္ ရုပ္လံုး၊ရုပ္ၾကြမ်ား ပ်က္စီးမႈမရွိေစရန္ စသည္ျဖင့္ ၂၀၁၆ခုႏွစ္ ၾသဂုတ္လ၂၆ရက္ေန႔က က်င္းပျပဳလုပ္ခဲ့သည့္
ေမြေတာ္ကကၠဴဘုရားမ်ား ျပန္လည္ျပဳျပင္ မြမ္းမံေရးဆိုင္ရာ အစည္းအေ၀း အမွတ္စဥ္(၂) အရ ေဆြးေႏြးဆံုးျဖတ္ခဲ့ၾကပါသည္။
အဆိုပါအစည္းအေဝးတြင္
ေမြေတာ္ကကၠဴဘုရား ေဂါပကအဖြဲ႔က အလွဴေငြ ေကာက္ခံရရွိမႈႏွင့္ ပတ္သက္၍ (၁.၅.၂၀၁၆)ရက္ေန႔မွ
(၃၀.၇.၂၀၁၆)ရက္ေန႔အထိ အလွဴေငြက်ပ္သိန္းေပါင္း (၂၀၀၀)ေက်ာ္ ရရွိျပီးျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါသည္။
သို႔ျဖစ္၍
ရရွိျပီးေသာအလွဴေငြျဖင့္
ဘုရားပရိ၀ုဏ္ျခံစည္းရိုး ျပဳျပင္ျခင္းႏွင့္ ဆုေတာင္းျပည့္ အာေသာကေစတီေတာ္ၾကီးႏွင့္
ေဖာင္ေတာ္ဆိုက္ ေစတီေတာ္ၾကီးတို႔ကို ျပဳျပင္ျခင္း တို႔အတြက္ လံုေလာက္မႈရွိျပီး အရံေစတီေတာ္မ်ား
ျပဳျပင္ရန္အတြက္ကို မူလအလွဴရွင္မ်ားက ဆက္သြယ္လွဴဒါန္းေပးၾကရန္ လိုအပ္ပါသည္။ ထို႔အျပင္
မူလအလွဴရွင္မရွိေသာအရံေစတီ အဆူ(၅၀)အတြက္ကိုမူ ခုႏွစ္ရက္သားသမီးအလွဴအျဖစ္ ဝိုင္းဝန္းလွဴဒါန္းႏိုင္ၾကမည္ျဖစ္ပါသည္။
သို႔ျဖစ္ရာ
ေရွးေဟာင္းေမြေတာ္ကကၠဴဘုရားမ်ား ျပန္လည္ျပဳျပင္မြမ္းမံရန္အတြက္ မူလ အလွဴရွင္မ်ားသာမက
ခုႏွစ္ရက္သားသမီးအလွဴအျဖစ္ ကုသိုလ္ပါဝင္လိုသူမ်ားသည္ ေအာက္ပါ အလွဴခံဌာနမ်ား တြင္ ဆက္သြယ္လွဴဒါန္းႏိုင္ပါေၾကာင္း
သတင္းေကာင္းပါးလိုက္ရပါသည္။
(က)
ေမြေတာ္ကကၠဴဘုရားေဂါပကအဖြဲ႔ - ၀၈၁-၂၀၀၂၆၀၊ ၀၉-၅၂၁၀၃၈၇
(ခ)
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ေနျပည္ေတာ္)- ၀၆၇-၄၀၈၀၄၀
(ဂ)
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ရန္ကုန္)- ၀၁- ၅၁၃၈၉၇
(ဃ)
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (မႏၱေလး)- ၀၂-၆၀၀၅၉
(င)
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ေတာင္ၾကီး)-၀၈၁-၂၁၂၁၁၅၇
က်မ္းကိုးစာရင္း
-သမိုင္းဌာန၊ေတာင္ၾကီးတကၠသိုလ္။ ။ကကၠဴေမြေတာ္သမိုင္းႏွင့္အႏုပညာဗိသုကာလက္ရာမ်ား၊
၂၀၀၄ခုႏွစ္ ေမလ
-ေမြေတာ္ကကၠဴဘုရားေဂါပကအဖြဲ႔။
။ေရွးေဟာင္းသမိုင္းဝင္ ေမြေတာ္ကကၠဴဘုရားသမိုင္း၊
၂၀၀၀ခုႏွစ္
-ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာန။ ။Recording and Documentation၊ ၂၀၁၆ခုႏွစ္
ဧျပီလ
-
ေမြေတာ္ကကၠဴဘုရား ျပန္လည္ျပဳျပင္ မြမ္းမံေရးဆိုင္ရာ အစည္းအေဝးမွတ္တမ္းမ်ား
