Monday, April 18, 2016

မြန်မာတို့၏ နန်းသုံးတော်ဝင် ဆင်စွယ်ကုလားထိုင်





မြန်မာတို့၏ နန်းသုံးတော်ဝင် ဆင်စွယ်ကုလားထိုင်
အေးအေးသင်း (ရှေးဟောင်းသုတေသန)
Aye Aye Thinn (Archaeology)

မြန်မာတို့သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ်ကြငှာန်းနှင့် နှစ်ပေါင်းကြာမြင့်စွာ နေထိုင်ခဲ့ကြရာမှ ၁၈၈၅ခုနှစ်တွင် ဗြိတိသျှတို့၏ နယ်ချဲ့ကျုးကျော်မှုကြောင့် သူ့ကျွန်ဘဝ ကျရောက်ခဲ့ရလေသည်။ ယင်းသို့ကျရောက်သည့်အခါ မြန်မာပြည်၏ နန်းညွန့်နန်းလျာများအပါအဝင် မင်းနှစ်ပါးဖြစ်သည့် သီပေါမင်းနှင့် စုဖုရားလတ်မိဖုရားတို့ကိုပါ အိန္ဒိယသို့ခေါ်ဆောင်သွားပြီး မြန်မာတို့၏ ထီးနန်းမျိုးဆက်ကို ဖြတ်ခဲ့လေသည်။
ယင်းသို့ ထီးနန်းမျိုးဆက်ကိုဖြတ်ကာ တစ်နိုင်ငံလုံးကိုကျွန်ပြုခဲ့ရုံဖြင့် လောဘဇော မသတ်နိင်ကြချေ။ နန်းတွင်းတွင်ရှိသည့် အဖိုးတန်ပစ္စည်းမှန်သမျှ ပလ္လင်ပါမချန် သယ်ယူ ကြလေတော့သည်။
ယင်းတို့အနက် ယခုဖေါ်ပြမည့်ပစ္စည်းမှာ သီပေါဘုရင်၏ နန်းသုံးတော်ဝင် ဆင်စွယ် ကုလားထိုင်ဖြစ်ပါသည်။ အဆိုပါကုလားထိုင်တစ်ခုလုံးကို ဆင်စွယ်ဖြင့်ပြုလုပ်ထားပြီး ကနုတ်ပန်းလက်ရာများမှာ ကြွရွလှပအနုစိပ်ကျလှသည်။ ကြည့်လိုက်သည်နှင့်ပင် ထူးခြား လှပသည့် မြန်မာမှုလက်ရာ ကနုတ်ပန်းများကို ထင်ထင်ရှားရှား လေ့လာနိုင်ပေသည်။
    အဆိုပါ ဆင်စွယ်ကုလားထိုင်နှင့်ပတ်သက်သည့် အထောက်အထားများကို မြန်မာသ မိုင်းအထောက်အထားများတွင် မတွေ့ရသော်လည်း ပြတိုက်ရှိ Caption အရ သီပေါ ဘုရင်၏ နန်းသုံးတော်ဝင် ဆင်စွယ် ကုလားထိုင်ဖြစ်ကြောင်းနှင့် ၁၈၈၅ခုနှစ်တွင် ဗြိတိသျှတို့ မန္တလေးနန်းတွင်းမှ သိမ်းယူခဲ့ကြောင်း သိရှိနိုင်ပါသည်။
    ထိုကုလားထိုင်ကို ယခုအခါ England နိုင်ငံ၊ Liverpool မြို့ရှိ World Museum တွင်ပြသ ထားကြောင်းသိရှိရသည်။ World Museum ကို၁၈၆ဝခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး Liverpool မြို့၏ ရှေးအကျဆုံးသောပြတိုက်တစ်ခုဖြစ်ပါသည်။ ယင်းပြတိုက်တွင် အထပ် (၅)ထပ်ရှိပြီး ၁၉၄၁ခုနှစ်က အကြီးအကျယ် မီးလောင်ပျက်စီးခဲ့ရသည်။ World Museum တွင် သဘာဝသမိုင်း ဆိုင်ရာများ၊ ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ နက္ခတ်တာရာများ၊ ကမ္ဘာတစ်ဝှန်းရှိ လူမျိုးအသီးသီး၏ ယဥ်ကျေးမှုဆိုင်ရာ အထောက်အထား များအပြင် ငါးပြတိုက်ကိုပါ စုံလင်စွာ ပြသထားသည်။
    သီပေါဘုရင်၏ နန်းသုံးတော်ဝင် ဆင်စွယ် ကုလားထိုင်ကို World Museum၏ တတိယထပ်ရှိ The Americas, Africa, Asia and Oceania ပြကွက်တွင် ပြသထားလေသည်။ နိုင်ငံခြားတိုင်းပြည်တစ်ပြည်တွင် မိမိနိုင်ငံမှ တော်ဝင်ယဥ်ကျေးမှုအမွေအနှစ်တစ်ခုကို တွေ့မြင်ရ သည်မှာ ဂုဏ်ယူဖွယ်လော၊ နှမြောတသဖြစ်စရာလော ဝေခွဲမရဖြစ်ရင်း သတင်းပေး တင်ပြ လိုက်ရပါသည်။


 



 
ျမန္မာတို႔၏ နန္းသုံးေတာ္၀င္ ဆင္စြယ္ကုလားထိုင္

ျမန္မာတို႔သည္ ကိုယ့္ထီးကိုယ့္နန္း ကိုယ္ၾကငွာန္းႏွင့္ ႏွစ္ေပါင္းၾကာျမင့္စြာ ေနထိုင္ခဲ့ၾကရာမွ ၁၈၈၅ခုႏွစ္တြင္ ျဗိတိသွ်တို႔၏ နယ္ခ်ဲ႕က်ဳးေက်ာ္မႈေၾကာင့္ သူ႔ကြ််န္ဘ၀ က်ေရာက္ခဲ့ရေလသည္။ ယင္းသို႔က်ေရာက္သည့္အခါ ျမန္မာျပည္၏ နန္းညႊန္႔နန္းလ်ာမ်ားအပါအ၀င္ မင္းႏွစ္ပါးျဖစ္သည့္ သီေပါမင္းႏွင့္ စုဖုရားလတ္မိဖုရားတို႔ကိုပါ အိႏိၵယသို႔ေခၚေဆာင္သြားျပီး ျမန္မာတို႔၏ ထီးနန္းမ်ိုးဆက္ကို ျဖတ္ခဲ့ေလသည္။
ယင္းသို႔ ထီးနန္းမ်ိုးဆက္ကိုျဖတ္ကာ တစ္ႏိုင္ငံလုံုးကိုကြ်န္ျပဳခဲ့ရုံျဖင့္ ေလာဘေဇာမသတ္နိင္ၾကေခ်။ နန္းတြင္းတြင္ရွိသည့္ အဖိုးတန္ပစၥည္းမွန္သမွ် ပလႅင္ပါမခ်န္သယ္ယူ ၾကေလေတာ့သည္။
ယင္းတို႔အနက္ ယခုေဖၚျပမည့္ပစၥည္းမွာ သီေပါဘုရင္၏ နန္းသုံးေတာ္၀င္ ဆင္စြယ္ ကုလားထိုင္ျဖစ္ပါသည္။ အဆိုပါကုလားထိုင္တစ္ခုလုံးကို ဆင္စြယ္ျဖင့္ျပဳလုပ္ထား ျပီး ကႏုတ္ပန္းလက္ရာမ်ားမွာ ၾကြရြလွပအႏုစိပ္က်လွသည္။ ၾကည့္လိုက္သည္ႏွင့္ပင္ ထူးျခားလွပသည့္ ျမန္မာမႈလက္ရာ ကႏုတ္ပန္းမ်ားကို ထင္ထင္ရွားရွား ေလ့လာႏိုင္ေပသည္။
အဆိုပါ ဆင္စြယ္ကုလားထိုင္ႏွင့္ပတ္သက္သည့္ အေထာက္အထားမ်ားကို ျမန္မာသ မိုင္းအေထာက္အထားမ်ားတြင္ မေတြ႕ရေသာ္လည္း ျပတိုက္ရွိ Caption အရ သီေပါ ဘုရင္၏ နန္းသုံးေတာ္၀င္ ဆင္စြယ္ ကုလားထိုင္ျဖစ္ေၾကာင္းႏွင့္ ၁၈၈၅ခုႏွစ္တြင္ ျဗိတိသွ်တို႔ မႏၱေလးနန္းတြင္းမွ သိမ္းယူခဲ့ေၾကာင္း သိရွိႏိုင္ပါသည္။
ထိုကုလားထိုင္ကို ယခုအခါ England ႏိုင္ငံ၊ Liverpolျမိဳ႔႕ရွိ World Museum တြင္ျပသ ထားေၾကာင္းသိရွိရသည္။ World Museum ကို၁၈၆၀ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျပီး Liverpolျမိဳ႔႕၏ ေရွးအက်ဆံုးေသာျပတိုက္တစ္ခုျဖစ္ပါသည္။ ယင္းျပတိုက္တြင္ အထပ္ (၅)ထပ္ရွိျပီး ၁၉၄၁ခုႏွစ္က အၾကီးအက်ယ္ မီးေလာင္ပ်က္စီးခဲ့ရသည္။ World Museum တြင္သဘာ၀သမိုင္းဆိုင္ရာမ်ား၊ ကမၻာေပၚရွိ သက္ရွိသတၱ၀ါမ်ား၊ ေက်ာက္ျဖစ္ရုပ္ၾကြင္းမ်ား၊ နကၡတ္တာရာမ်ား၊ ကမၻာတစ္၀ွန္းရွိ လူမ်ိဳးအသီးသီး၏ ယဥ္ေက်းမႈဆိုင္ရာ အေထာက္အထားမ်ားအျပင္ ငါးျပတိုက္ကိုပါ စံုလင္စြာ             ျပသထားသည္။
သီေပါဘုရင္၏ နန္းသုံးေတာ္၀င္ ဆင္စြယ္ ကုလားထိုင္ကို World Museum၏ တတိယထပ္ရွိ The Americas, Africa, Asia and Oceania ျပကြက္တြင္ ျပသထားေလသည္။ ႏိုင္ငံျခားတိုင္းျပည္တစ္ျပည္တြင္ မိမိႏိုင္ငံမွ ေတာ္၀င္ယဥ္ေက်းမႈအေမြအႏွစ္တစ္ခုကို ေတြ႔ျမင္ရ သည္မွာ ဂုဏ္ယူဖြယ္ေလာ၊ ႏွေျမာတသျဖစ္စရာေလာ ေ၀ခြဲမရျဖစ္ရင္း သတင္းေပးတင္ျပ လိုက္ရပါသည္။

ေအးေအးသင္း
Credit to Heidi Tan

 


သီေပါဘုရင္၏ ဆင္စြယ္ ကုလားထိုင္ 

 

England ႏိုင္ငံ၊ Liverpolျမိဳ႔႕ရွိ World Museum