တောင်ကြီးမြို့၏အရေးပါသောအထောက်အထားတစ်ရပ်
တောင်ကြီးမြို့သည်ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည့် တောင်ပေါ်မြို့ တစ်မြို့ ဖြစ် ပါသည်။
တောင်ကြီးမြို့သည်ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည့် တောင်ပေါ်မြို့ တစ်မြို့ ဖြစ် ပါသည်။
တောင်ကြီးမြို့ကို ခရစ်သကကရာဇ် ၁၈၉၂ ခုနှစ်တွင် မြို့ကွက်စရိုက်ခဲ့ပြီး ၁၈၉၄ခုနှစ် စက်တင်ဘာလ၁၅ရက်နေ့တွင် မြို့အဖြစ်သတ်မှတ်ခဲ့သည်။ တောင်ကြီးမြို့သည် ညောင်ရွေမြို့၊ အင်းလေးကန်အရှေ့ဘက် မိုင်းသောက်မြို့ဟောင်းရှိ ဗြိတိသျှတို့ ခံတပ်စခန်း ြေ ပာင်းရွေ့ခဲ့ရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်နယ် ညောင်ရွေဒေသတွင် ရှေးမြို့ဟောင်း (၃)မြို့ရှိရာ (၁) ကောက်ဆံပြီ သို့မဟုတ် ကောသမဘီမြို့သို့မဟုတ် ပေါရိသတ်မြို့ဟောင်း၊ (၂) ရမမာဝတီမြို့ဟောင်း၊ (၃)ပန်းဖယ် သို့မဟုတ် မိုင်းသောက်မြို့ဟောင်းတို့ဖြစ်ကြပါသည်။
ဗြိတိသျှတို့သည် ၄င်းတို့အုပ်ချုပ်ခဲ့သည့်အချိန်က အုပ်ချုပ်မှုလွယ်ကူစေရန်နှင့် စစ်ရေးအရ ထိန်းချုပ်မှုလွယ်ကူစေရန်တို့အတွက် မြန်မာနိုင်ငံအနှံ့ ခံတပ်များထားရှိ အုပ်ချုပ်ခဲ့လေသည်။ ပူတာအိုကဲ့သို့ ဝေးလံလှသော နယ်ခြားဒေသတွင်ပင် ခံတပ်များထားရှိကြလေသည်။ မန္တလေးမြို့ရှိ နန်းမြို့ရိုးတွင် ဖို့ဒက်ဖလင်ခံတပ် ပြုလုပ််သကဲ့သို့ ရှမ်းပြည်တောင်ပိုင်း ညောင်ရွေရှိ မိုင်းသောက် မြို့ဟောင်းသည် မြို့ရိုးနှစ်ထပ်ရှိရာ ဖို့စတပ်မင်ခံတပ်(Fort Stedman) အဖြစ် အသုံးပြုခဲ့သည်။ သို့သော် မိုင်းသောက်တွင် ငှက်ဖျားရောဂါကြောင့် ကာလကြာရှည်စွာ တပ်စွဲနိုင်ခဲ့ခြင်းမရှိခဲ့ချေ။ ထို့နောက် တောင်ကြီးမြို့ သို့ပြောင်းရွေ့ခဲ့လေသည်။
တောင်ကြီးမြို့ကိုစတင်တွေ့ခဲ့သူမှာ ဂေါ်ရခါးတပ်ရင်း(၃)မှ နိုင်ငံရေးအရာရှိ ဟေးဒီဘရမ်းဖြစ်သဖြင့် ၄င်း၏အမည်ကို အစွဲပြုကာ ဟေးဒီဘရမ်းမြို့ဟု အမည်ပေးခဲ့သော် လည်းနောက်ပိုင်းတွင်မြို့အစွန်ရှိကျာက်တောင်ကြီးကို အစွဲပြုပြီး တောင်ကြီးမြို့ဟု ခေါ်ဆိုလာခဲ့ကြသည်။
တောင်ကြီးမြို့သည် မြောက်လတ္တီတွဒ်၂ဝဒီဂရီ ၄၆မိနစ်နှင့် အရှေ့လောင်ဂျီတွဒ်၉၇ဒီဂရီ ဝ၂မိနစ်တွင်တည်ရှိသည်။ တောင်ကြီးမြို့၏ အလယ်ဗဟိုအဖြစ် ယဥ်ကျေးမှုပြတိုက် (တောင်ကြီး)ဝင်းအတွင်း ရုံးရှေ့တွင် မှတ်တိုင်တစ်ခုကို ၁၉၁၃ခုနှစ်တွင် စိုက်ထူခဲ့သည့် အထောက်အထားကို တွေ့ရှိရပါသည်။ အဆိုပါမှတ်တိုင်ကို ဗဟိုပြုကာ တိုင်းတာလေ့ရှိကြောင်းနှင့် ပင်လယ်ရေပြင် အထက်အမြင့် (Elevation) ကိုလည်း တိုင်းတာခဲ့ရာ ၄၇၁၂ပေ ဟု မှတ်တမ်းတင်ခဲ့ကြောင်း သိရှိရသည်။ သို့သော် Google Mapတွင် ရှာကြည့်သည့်အခါ ၄၇၄ဝပေဖြစ်သဖြင့် အနည်းငယ်သာ ကွဲလွဲကြောင်း တွေ့ရပါသည်။
သို့ဖြစ်သဖြင့် ယဥ်ကျေးမှုပြတိုက်(တောင်ကြီး)တွင် ရှမ်းပြည်နယ်ဖွား တိုင်းရင်းသားတို့၏ ယဥ်ကျေးမှုများကို ဖော်ထုတ်ပြသထားသည်သာမက တောင်ကြီးမြို့အတွက် အရေးပါသော အထောက်အထားတစ်ရပ်ပါ Outdoor Exhibit တစ်ရပ်အနေဖြင့် တည်ရှိနေပါကြောင်း အသိပေးလိုက်ရပါသည်။
စာကိုး
၁- ဦးအောင်မြင့်။ ။ကောင်းကင်ဓာတ်ပုံများမှ မြန်မာ့ရှေးဟောင်းမြို့တော်များ
၂-မောင်မောင်မြင့်ဆွေ။ ။ရှမ်းတောင်တန်းများနှင့်တောင်ကြီးမြို့ဆီသို့၊ မြန်မာ့အလင်းသတင်းစာ၊ ၂၈.၂.၂ဝ၁၆
ေတာင္ႀကီးၿမိဳ႕၏အေရးပါေသာအေထာက္အထားတစ္ရပ္
ေတာင္ႀကီးၿမိဳ႕သည္ရွမ္းျပည္နယ္ေတာင္ပိုင္းတြင္
တည္ရွိသည့္ ေတာင္ေပၚၿမိဳ႕ တစ္ၿမိဳ႕ု ျဖစ္ ပါသည္။
ေတာင္ႀကီးၿမိဳ႕ကို ခရစ္သကၠရာဇ္
၁၈၉၂ ခုႏွစ္တြင္ ျမိဳ႕ကြက္စရုိက္ခဲ့ျပီး ၁၈၉၄ခုႏွစ္ စက္တင္ဘာလ၁၅ရက္ေန႕တြင္ ျမိဳ႕အျဖစ္သတ္မွတ္ခဲ့သည္။ ေတာင္ႀကီးၿမိဳ႕သည္
ေညာင္ေရႊျမိဳ႕၊ အင္းေလးကန္အေရွ႕ဘက္ မိုင္းေသာက္ျမိဳ႕ေဟာင္းရွိ ျဗိတိသ်ွတို႕ ခံတပ္စခန္းေျ ပာင္းေရႊ႕ခဲ့ရာမွ
ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။
ရွမ္းျပည္နယ္ ေညာင္ေရႊေဒသတြင္
ေရွးျမိဳ႕ေဟာင္း (၃)ျမိဳ႕ရွိရာ (၁) ေကာက္ဆံျပီ သို႕မဟုတ္ ေကာသမၻီျမိဳ႕သို႕မဟုတ္ ေပါရိသတ္ျမိဳ႕ေဟာင္း၊
(၂) ရမၼာ၀တီျမိဳ႕ေဟာင္း၊ (၃)ပန္းဖယ္ သို႕မဟုတ္
မိုင္းေသာက္ျမိဳ႕ေဟာင္းတို႕ျဖစ္ၾကပါသည္။
ျဗိတိသွ်တို႕သည္ ၄င္းတို႕အုပ္ခ်ဳပ္ခဲ့သည့္အခ်ိန္က
အုပ္ခ်ဳပ္မႈလြယ္ကူေစရန္ႏွင့္ စစ္ေရးအရ ထိန္းခ်ဳပ္မႈလြယ္ကူေစရန္တို႕အတြက္ ျမန္မာႏုိင္ငံအႏွံ႕
ခံတပ္မ်ားထားရွိ အုပ္ခ်ဳပ္ခဲ့ေလသည္။ ပူတာအိုကဲ့သို႕ ေ၀းလံလွေသာ နယ္ျခားေဒသတြင္ပင္ ခံတပ္မ်ားထားရွိၾကေလသည္။
မႏၱေလးျမိဳ႕ရွိ နန္း့ျမိဳ႕ရုိးတြင္ ဖို႕ဒက္ဖလင္ခံတပ္ ျပဳလုပ္္သကဲ့သို႕ ရွမ္းျပည္ေတာင္ပိုင္း
ေညာင္ေရႊရွိ မိုင္းေသာက္ ျမိဳ႕ေဟာင္းသည္ ျမိဳ႕ရုိးႏွစ္ထပ္ရွိရာ ဖို႕စတပ္မင္ခံတပ္(Fort
Stedman) အျဖစ္ အသုံးျပဳခဲ့သည္။ သို႕ေသာ္ မိုင္းေသာက္တြင္ ငွက္ဖ်ားေရာဂါေၾကာင့္ ကာလၾကာရွည္စြာ
တပ္စြဲႏုိင္ခဲ့ျခင္းမရွိခဲ့ေခ်။ ထို႕ေနာက္ ေတာင္ၾကီးျမိဳ႕ သို႕ေျပာင္းေရႊ႕ခဲ့ေလသည္။
ေတာင္ၾကီးျမိဳ႕ကိုစတင္ေတြ႕ခဲ့သူမွာ
ေဂၚရခါးတပ္ရင္း(၃)မွ ႏိုင္ငံေရးအရာရွိ ေဟးဒီဘရမ္းျဖစ္သျဖင့္ ၄င္း၏အမည္ကို အစြဲျပဳကာ
ေဟးဒီဘရမ္းျမိဳ႕ဟု အမည္ေပးခဲ့ေသာ္ လည္းေနာက္ပိုင္းတြင္ျမိဳ႕အစြန္ရွိက်ာက္ေတာင္ၾကီးကို
အစြဲျပဳျပီး ေတာင္ၾကီးျမိဳ႕ဟုေ ခၚဆိုလာခဲ႕ၾကသည္။
ေတာင္ၾကီးျမိဳ႕သည္ ေျမာက္လတၱီတြဒ္၂၀ဒီဂရီ
၄၆မိနစ္ႏွင့္ အေရွ႕ေလာင္ဂ်ီတြဒ္၉၇ဒီဂရီ ၀၂မိနစ္တြင္တည္ရွိသည္။ ေတာင္ၾကီးျမိဳ႕၏ အလယ္ဗဟိုအျဖစ္
ယဥ္ေက်းမႈျပတိုက္ (ေတာင္ၾကီး) ၀င္းအတြင္း
ရုံးေရွ႕တြင္ မွတ္တိုင္တစ္ခုကို ၁၉၁၃ခုႏွစ္တြင္စိုက္ထူ ခဲ့သည့္ အေထာက္အထားကို ေတြ႕ရွိရပါသည္။
အဆိုပါမွတ္တိုင္ကို ဗဟိုျပဳကာ တိုင္းတာေလ့ရွိေၾကာင္းႏွင့္ ပင္လယ္ေရျပင္ အထက္အျမင့္ (Elevation) ကိုလည္း
တိုင္းတာခဲ့ရာ ၄၇၁၂ေပ ဟု မွတ္တမ္းတင္ခဲ့ေၾကာင္း သိရွိရသည္။ သို႕ေသာ္ Google Mapတြင္
ရွာၾကည့္သည့္အခါ ၄၇၄၀ေပျဖစ္သျဖင့္ အနည္းငယ္သာ လြဲေၾကာင္းေ တြ႕ရပါသည္။
သို႕ျဖစ္သျဖင့္ ယဥ္ေက်းမႈျပတိုက္(ေတာင္ၾကီး)တြင္
ရွမ္းျပည္နယ္ဖြား တိုင္းရင္းသား တို႕၏ ယဥ္ေက်းမႈမ်ားကို ေဖာ္ထုတ္ျပသထားသည္သာမက ေတာင္ၾကီးျမိဳ႕အတြက္
အေရးပါေသာ အေထာက္အထားတစ္ရပ္ပါ Outdoor Exhibit တစ္ရပ္အေနျဖင့္ တည္ရွိေနပါေၾကာင္း အသိေပးလိုက္ရပါသည္။
ေအးေအးသင္း
စာကိုး
၁- ဦးေအာင္ျမင့္။ ။ေကာင္းကင္ဓာတ္ပုံမ်ားမွ ျမန္မာ့ေရွးေဟာင္းျမိဳ႕ေတာ္မ်ား
၂-ေမာင္ေမာင္ျမင့္ေဆြ။ ။ရွမ္းေတာင္တန္းမ်ားႏွင့္ေတာင္ၾကီးျမိဳ႕ဆီသို႕၊
ျမန္မာ့အလင္းသတင္းစာ၊ ၂၈.၂.၂၀၁၆

No comments:
Post a Comment