ကိုဗစ်−၁၉ နှင့် ပြတိုက်များ
ဒေါက်တာအေးအေးသင်း
အမျိုးသားပြတိုက် (နေပြည်တော်)
ယခုအခါ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကပ်ဘေးဆိုးကြီးတစ်ခုကို တစ်ကမဘာလုံး ကြုံတွေ့ခံစားရလျက်ရှိပါသည်။ ထိုရောဂါသည် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် (Corona Virus) မျိုးစိပ်သစ်တစ်မျိုးဖြစ်၍ ရောဂါအမည်ကို 2019 Novel Corona Virus (2019-nCov)ဟုပထမဉီးစွာမှည့်ခေါ်ခဲ့ကြပါသည်။ ထို့နောက် ‘ကိုဗစ်−၁၉’ (COVID-19) ( CO= Corona, Vi=Virus, D=Disease, 19=2019) ဟု ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။ ထိုရောဂါသည် ဗိုင်းရပ်စ်မှတစ်ဆင့် ကူးစက်ပြန့်ပွားခြင်းဖြစ်ပြီး ‘ပြင်းထန်အသက်ရှု လမ်းကြောင်းရောဂါ (SARS)’ နှင့် ပုံမှန်တုပ်ကွေးရောဂါအမျိုးအစားတချို့၏ မျိုးစိပ်တူ ဗိုင်းရပ်စ်အုပ်စုတို့ဆက်စပ်သည့် ဗိုင်းရပ်စ်အသစ် တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာအနှံ့အပြားသို့ ကူးစက်ပြန့်ပွားလျက်ရှိပါသည်။
ကိုဗစ်−၁၉ ဗိုင်းရပ်စ်ပိုးရှိသူမှ နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် စကားပြောခြင်းတို့ကြောင့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ထွက်လာသည့် ဗိုင်းရပ်စ်များကို တိုက်ရိုက်ထိတွေ့မိခြင်း ကြောင့်ဖြစ်စေ၊ ဗိုင်းရပ်စ်များကပ်ငြိနေသော အရာဝတ္ထုပစ္စည်းများ၏ မျက်နှာပြင်ကို ထိတွေ့ ကိုင်တွယ်မိခြင်းကြောင့်ဖြစ်စေ လူတစ်ဦးမှတစ်ဦး ကူးစက်ပြန့်ပွားနိုင်ပါသည်။ COVID-19 ဗိုင်းရပ်စ်သည် အရာဝတ္ထုပစ္စည်းများ၏ မျက်နှာပြင်တွင် နာရီပေါင်းများစွာ ရှင်သန်နိုင်ပါသည်။
ကိုဗစ်−၁၉ ဗိုင်းရပ်စ်ကူးစက်ခံရပါက ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ အသက်ရှုကြပ်ခြင်းတို့အပြင် ပိုမိုဆိုးရွားပါက အဆုတ်ရောင်ရောဂါဖြစ်ပွားကာ အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါသည်။
ကိုဗစ်−၁၉ ဗိုင်းရပ်စ်ပိုးသည် ကူးစက်မှုလွယ်ကူလျှင်မြန်သဖြင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် သို့မဟုတ် အယ်လကိုဟော ၆ဝ% ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်ကိုမကြာခဏဆေးပေးခြင်း၊ နှာချေ၊ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်တို့ကို လုံခြုံစွာ အုပ်ထားခြင်း၊ လူတစ်ဈးနှင့်တစ်ဈးတွေ့လျှင် လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် ပွေ့ဖက် နှုတ်ဆက်ခြင်းမျိုးကိုမပြုလုပ်ခြင်း၊ လူစုလူဝေးကို ရှောင်ရှားခြင်း၊ မဖြစ်မနေ အိမ်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူတစ်ဦးမှတစ်ဦး နှစ်မီတာ (၆ပေ)အကွာ နေထိုင်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
ထို့ကြောင့်လည်း အဆိုပါကပ်ရောဂါဘေးဆိုးကြီး ပေါ်ပေါက်လာသည်နှင့် ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံရပ်ခြားသာမက ပြည်တွင်း ဆက်သွယ်သွားလာမှုများနှင့် လူစုလူဝေးဖြစ်စေနိုင်သည့် နေရာများကို တစ်ကမ္ဘာလုံးက ပိတ်ပင်တားမြစ်ခဲ့ကြပါသည်။ အဓိကအားဖြင့် စာသင်ကျောင်းများ၊ တက္ကသိုလ် ကောလိပ်များ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ စာကြည့်တိုက်များနှင့် ပြတိုက်များကို ပိတ်ခဲ့ပါသည်။ (၁)
ပြတိုက်များကို ဖွင့်လှစ်ရသည့် အဓိကရည်ရွယ်ချက်များအနက် တစ်ချက်ဖြစ်သည့် ‘အများပြည်သူ စိတ်ချမ်းမြေ့စွာ လေ့လာနိုင်စေရန်’ ဟူသည့်အချက်ကို အပြည့်အဝ မဟုတ်သော်လည်း တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးသည့်အနေဖြင့် ကိုဗစ်−၁၉ ကာလအတွင်း ပြတိုက်များ ပိတ်ထားရသည့်အချိန်တွင် ပြတိုက်များသည် မိမိတို့ပြတိုက်များ၏ ဝက်ဘ်ဆိုက် များ၊ ဖေ့စ်ဘွတ် စာမျက်နှာများနှင့် အခြားသော လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ပြတိုက်တွင် ပြသထားသည့် ပြသပစ္စည်းများနှင့်ပတ်သက်သော ဓာတ်ပုံများ၊ ဗီဒီယိုများကို ထုတ်လွင့်ပြသခြင်း၊ Video Conferencing ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင်လည်း (၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက် ) နေ့တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီးနောက် (၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၅ ရက် ) နေ့မှစတင်၍ သာသနာရေး နှင့်ယဥ်ကျေးမှုဎန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် ၎င်းလက်အောက်ရှိ ပြတိုက်များသို့ ပြည်တွင်းပြည်ပဧည့်သည်များ ဝင်ရောက်လေ့လာခွင့်ကို ပိတ်ခဲ့ပါသည်။ထိုသို့ ပြတိုက်များပိတ်ထားသည့်အချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညွန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည့် ‘အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (မြန်မာ)’ ICOM (Myanmar) သည် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များအကြောင်း ကိုလည်းကောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် တည်ရှိသည့် အမျိုးသားပြတိုက်နှစ်ခုသည် လည်းကောင်း ဖေ့စ်ဘွတ် စာမျက်နှာများမှတစ်ဆင့် မိမိတို့ပြတိုက်များရှိ ပြသပစ္စည်းများ နှင့်ပတ်သက်သည့် အချက်အလက်များကို အများပြည်သူတို့ လေ့လာနိုင်ရန်အတွက် ထုတ်လွင့်ပြသလျက်ရှိပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၅)နှစ်ပြည့်စိန်ရတုမွေးနေ့အား ဂုဏ်ပြုသည့်အနေဖြင့် မြန်မာအမျိုးသမီး ပန်းချီပညာရှင် ၇၅ ဦးတို့ ပူးပေါင်းပြီး ‘75 for 75th’ အွန်လိုင်းပန်းချီပြပွဲကိုလည်း အမျိုးသားပြတိုက် (ရန်ကုန်)၏ ဝက်ဘ်ဆိုက် https://www.nationalmuseumyangon.gov.mm/နှင့် ဖေ့စ်ဘွတ်စာမျက်နှာတို့မှတစ်ဆင့် အများပြည်သူအား ပြသနိုင်ခဲ့ပါသည်။
ထိုနည်းတူစွာ မကြာမီကျရောက်တော့မည့် အာဇာနည်နေ့တွင် ရန်ကုန်နှင့်နတ်မောက်မြို့များရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်များကို ယခင်နှစ်များကကဲ့သို့ အများပြည်သူအား ဖွင့်လှစ်ပြသ နိုင်ခြင်းမရှိသဖြင့် ဝဘ်ဆိုဒ်မှတစ်ဆင့်သာ ပြသသွားရန် အတွက်စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် နှစ်စဥ် မေလ (၁၈) ရက်နေ့တွင် ကျရောက်သည့် ‘အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့’၌ မြန်မာနိုင်ငံ၏ အမျိုးသားပြတိုက်များတွင် ကျင်းပမြဲဖြစ်သော အထိမ်းအမှတ် အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို လူစုလူဎေးဖြင့် မကျင်းပနိုင်ခဲ့၍ ဗြိတိသျှကောင်စီ (မြန်မာ)၏ အကူအညီဖြင့် ‘အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့’ နှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဈးစီးဌာနမှ ပြတိုက်ပညာရှင်များနှင့်ဎန်ထမ်းများ၏ ရှင်းလင်းပြောကြားချက်များကို ဗီဒီယိုရိုက်ကူးကာ ဗြိတိသျှကောင်စီ(မြန်မာ)၏ ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်လွင့်နိုင်ခဲ့ပါသည်။
ယခုအခါ ကိုဗစ်−၁၉ ရောဂါကို ကာကွယ်ကုသနိုင်ရန်အတွက် ဆေးဝါးများ ဖော်စပ် ထုတ်လုပ်နေဆဲပင်ဖြစ်သည်။ ကာကွယ်ကုသဆေးများ မထုတ်လုပ်နိုင်သေးသ၍ လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့်ကိစ္စရပ်များ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များနှင့် တက္ကသိုလ်များ၊ကျောင်းများတွင် (New Normal) ပုံစံအသစ်ဖြင့် ပုံမှန်နေထိုင်ဆောင်ရွက် ရတော့မည်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် လူတို့၏ စားဝတ်နေရေးအရသာမက လူတို့၏ ပင်ကိုယ်ဗီဇသဘာဝအရပါ အိမ်တွင်သာနေထိုင်ခြင်း၊ ဒေသပိုင်းခြားကန့်သတ်ခြင်းများကို အချိန်အပိုင်းအခြားတစ်ခုထိသာ လက်ခံဆောင်ရွက်နိုင်ကြမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုအတွက် ကန့်သတ်ပိတ်ပင် ထားခဲ့သည့် နေရာများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျော့ပေးလျက်ရှိပါသည်။ ယင်းသို့ ဖြေလျော့ပေးလျက်ရှိသည့် နေရာများတွင် ပြတိုက်များလည်း ပါဝင်ပါသည်။
ဥရောပနိုင်ငံများရှိ ပြတိုက်များကို သုံးလကြာပိတ်ထားခဲ့ပြီးနောက် မေလကုန်၊ ဇွန်လဆန်းမှစတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိကြရာ ပြတိုက်သို့လာရောက်ကြသည့် ဧည့်သည်များ လိုက်နာရန် စည်းကမ်းချက်များကို သတ်မှတ်ထုတ်ပြန်ထားကြပါသည်။ ဂျာမဏီနိုင်ငံ၏ ပြည်နယ် (၁၆) ခုတွင်ရှိသော ပြတိုက်များတွင် သီးခြားစည်းကမ်းချက်များကို ချမှတ်ထားကြသည်။ ထိုပြတိုက်များအနက် ကော့တ်ဘတ်စ်ပြည်နယ်ရှိ ဘရန်ဒန်ဘတ် အနုပညာပြတိုက်သည် မေလ (၁) ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်များ တစ်ဦးနှင့်တစ်ဦး (၁.၅ မီတာ) အကွာတွင် အတိအကျ နေနိုင်ရန်အတွက် ဧည့်သည်များကို (၁.၅ မီတာ) အရှည်ရှိ တုတ်ချောင်းရှည်များနှင့် ဖဲကြိုးများပေးထားပြီး ထိုအတိုင်းအတာ အကွာအဝေးအတိုင်း သွားလာစေပါသည်။
ထို့အပြင် လျှောက်လမ်းတွင်လည်း တစ်ဦးနှင့်တစ်ဦး နေရမည့် အကွာအဝေးကို မှတ်သားပေးထားပါသည်။ လက်မှတ်ရောင်းကောင်တာတွင် တာဝန်ကျဝန်ထမ်းများကို ပလပ်စတစ် မျက်နှာအကာများကို ဝတ်ဆင်စေခြင်း၊ ဧည့်သည်များအတွက် လက်သန့်ဆေးရည်များ ထားရှိပေးခြင်းတို့ကို ပြုလုပ်ပေးထားသည်။ တစ်ကြိမ်လျှင် ဧည့်သည် အယောက်တစ်ရာလက်ခံပြီး ပြတိုက်ဎန်ထမ်းများက ဧည့်သည်များ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာခြင်းရှိ၊မရှိကို စောင့်ကြပ် ကြည့်ရှုစစ်ဆေး ပေးကြသည်။ ဆောင်းဦးရာသီအထိ အုပ်စုလိုက်လေ့လာခြင်းကို တားမြစ်ပိတ်ပင်ထားပါသည်။ ဧည့်သည်များအနေဖြင့် မျက်နှာနှင့်နှာခေါင်းစည်းများကို မဖြစ်မနေတပ်ဆင်ရန် မလိုသော် လည်း တပ်ဆင်သင့်ကြောင်း အကြံပြုထားပါသည်။
ပိုလန်နိုင်ငံ ဝါဆောမြို့ရှိ တော်ဝင်နန်းတော်ပြတိုက်ကိုလည်းမေလ (၄) ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ပြတိုက်အတွင်း လေအေးပေးစက်များကို ပိတ်ထားခြင်း၊ ဓာတ်လှေကားများ အသုံးပြုခြင်းကို အကန့်အသတ်ဖြင့်သာ ဖွင့်ပေးထားခြင်း၊ ဧည့်သည်များ လေ့လာရန် တစ်ကြောင်းသွား လမ်ကြောင်းကိုသာ ပေးထားခြင်း၊ လက်မှတ်အရောင်း ကောင်တာကို မှန်အကာပြုလုပ်ထားခြင်း၊ အသံဖြင့်ရှင်းလင်းစက်များ (Audio Guide) ငှားရမ်းမှုအား ခေတ္တပိတ်ထားခြင်း၊ အုပ်စုလိုက် လေ့လာခြင်းများကို ခေတ္တပိတ်ထားခြင်း၊ ဝန်ထမ်းများနှင့်သာမက ဧည့်သည်အချင်းချင်း (၂ မီတာ) အကွာတွင် နေစေခြင်း၊ ဝန်ထမ်းများကို ဝတ်ဆင်နေကျ ချည်ထည်လက်အိတ်ဖြူများအစား ခွဲစိပ်ခန်းသုံး တစ်ခါသုံးလက်အိတ်များကို ပြောင်းလဲ ဝတ်ဆင်စေခြင်း၊ တစ်နာရီတွင် ဧည့်သည် အယောက် တစ်ရာသာဝင်ရောက်စေခြင်း၊ ဧည့်သည်များအား စောင့်ကြည့်ထိန်းသိမ်းနိုင်သည့် နေရာများကိုသာ ရွေးချယ်ဖွင့်လှစ်ပြသခြင်း တို့ကို စီမံခန့်ခွဲဆောင်ရွက်လျက်ရှိပါသည်။
ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဂျီယာကော်မက်တီ အနုပညာပြတိုက်ကို မေလ (၁၅) ရက်နေ့က စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ထိုပြတိုက်၏ ဖွင့်ချိန်၊ ပိတ်ချိန်ကို ယခင်ကထက် (၁)နာရီ နောက်ကျ၍ မနက် (၁၁)နာရီမှ ညနေ (၇)နာရီ အဖြစ်ပြောင်းလဲခဲ့ရာ ပြတိုက် ဎန်ထမ်းများအနေဖြင့် လူအသွားအလာများသောအချိန်ကို ရှောင်ကွင်း၍ ရုံးတက်၊ရုံးဆင်း ပြုလုပ်နိုင်ကြပါသည်။ အုပ်စုလိုက်လေ့လာပါက ဧည့်သည်(၁ဝ) ဈးအထိသာ လက်ခံပြီး အွန်လိုင်းမှ မိနစ် (၂ဝ) ကြိုတင်စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။ အနုပညာပန်းချီကားများကို မိမိတို့၏မျက်စိဖြင့် ကိုယ်တိုင်ကြည့်ရှုလေ့လာလိုကြသဖြင့် ပြတိုက်မဖွင့်မီအချိန်ကပင် ကြိုတင် စာရင်းပေးသွင်း ဝယ်ယူမှုမှာ ပြတိုက်စဖွင့်မည့်ရက်မှ သုံးရက်အတွက် အပြည့်ပင်ဖြစ်သည်။ ဂျီယာကော်မက်တီ အနုပညာပြတိုက်သို့ လာရောက်သည့် ဧည့်သည်များ ကိုဗစ်−၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြင်သစ်ကျန်းမာရေးဎန်ကြီးဌာန၏ လမ်းညွန်ချက်များ၊ ဂျာမဏီ ပြတိုက်များ ဖွင့်လှစ်ရာတွင် ပြုလုပ်သည့်နည်းစနစ်များအတိုင်း ဆောင်ရွက်ခဲ့သည်။ ပြတိုက်အပြင်ဘက်တွင် ဧည့်သည်များ တန်းစီစောင့်ဆိုင်းရာတွင် တစ်ဦးနှင့်တစ်ဦးအကြား နေရမည့် အကွာအဝေးကို တိပ်အနီရောင်များဖြင့် အမှတ်အသား ပြုလုပ်ထားခြင်း၊ မှန်ဖြင့်ကာထားသည့် ဧည့်ကြိုကောင်တာတွင် ပြတိုက်ဝန်ထမ်းတစ်ဦးကိုထားရှိပြီး ဧည့်သည်များအတွက် လက်သန့်ဆေးရည်ထားပေးခြင်း၊ ဧည့်သည်များ လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း ပါးစပ်နှင်နှာခေါင်းစည်းများကို ဝတ်ဆင်လာရန်နှင့် တစ်ဦးနှင့်တစ်ဦး(၁.၅ မီတာ) အကွာနေစေခြင်း၊ ဧည့်သည်များကို အသံဖြင့်ရှင်းလင်းစက်များ ငှားရမ်းမှုအစား၊ မိမိတို့၏ စမတ်ဖုန်းများဖြင့် QR code ကို စကန်ဖတ်၍ ရှင်းလင်းချက်များအား ဖတ်ရှုစေခြင်း စသည်တို့ကို ဆောင်ရွက်ထားပါသည်။
ပြင်သစ်နိုင်ငံရှိ ကမ္ဘာကျော် လုဗ် ပြတိုက်ကြီးကိုလည်း ဂျူလိုင်လ (၆)ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့ရာ ပြတိုက်ဝင်ခွင့် လက်မှတ်များကို ကြိုတင်၍ အွန်လိုင်းမှဝယ်ယူရပြီး ပြတိုက်အတွင်း ဝင်ရောက်သည့်အခါ ပါးစပ်နှာခေါင်းစည်းများကို ဝတ်ဆင်၍ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေး အတိုင်းနေကြရမည်ဖြစ်သည်။ ပြတိုက်အဝင်တွင် လက်သန့်ဆေးရည်များထားပေးမည်ဖြစ်ပြီး ပြတိုက်မဝင်မီ လက်သန့်ဆေးရည်ဖြင့် ဆေးကြောရမည်ဖြစ်သည်။ အုပ်စုလိုက်လေ့လာသူများကို (၂၅)ဦးအထိ ခွင့်ပြုထားပြီး တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်းနေကြရမည်ဖြစ်၍ ဧည့်လမ်းညွန်များသည် မိမိ၏ဧည့်သည်များ ကြားနိုင်စေရန် စကားပြောစက်နှင့် နားကြပ်များပါ တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်သည်။ ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရန်အတွက် ပစ္စည်း အပ်နှံသည့်နေရာများကို ပိတ်ထားမည်ဖြစ်ပြီး အသုံးပြုပြီးတိုင်း ပိုးသတ်ဆေးများဖြင့် သန့်စင်ထားသည့် ဘီးတပ်ကုလားထိုင်များနှင့် ကလေးတွန်းလှည်းများကိုမူ ငှားရမ်းသွားမည် ဖြစ်သည်။
အီတလီနိုင်ငံရှိ ပြတိုက်များကို ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် မတ်လ(၈)ရက်နေ့မှစတင်၍ ပိတ်ထားခဲ့ပြီး မေလ(၁၈)ရက်မှစတင်ကာ ပြန်လည် ဖွင့်လှစ်ပေးလျက်ရှိရာ ဧည့်သည်များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ပြတိုက်ဝင်ခွင့်လက်မှတ် များကို ကြိုတင်စာရင်းပေးသွင်း ဝယ်ယူနိုင်သည့်အပြင် ပြတိုက်အပြင်တွင် တန်းစီ စောင့်ဆိုင်း၍လည်း ဝယ်ယူနိုင်ပါသည်။ လက်မှတ်ရောင်းကောင်တာကို မှန်ကာထားပြီး ဧည့်သည်များအတွက် လက်သန့်ဆေးရည်ထားပေးခြင်း၊ စာအုပ်ဆိုင်တွင် စာအုပ်များကို ကိုင်တွယ်ဖတ်ရှုရာတွင် တစ်ခါသုံးလက်အိတ်များကို အသုံးပြုခြင်း၊ ဧည့်သည်များ လေ့လာရာတွင် ပိတ်ဆို့မနေစေရန်အတွက် တစ်ကြောင်းသွားလမ်ကြောင်းကို ပေးထားပြီး လမ်းကြောင်းအမှတ်အသားများကိုလည်း ကြမ်းပြင်တွင် ပြုလုပ်ပေးထားသည်။အီတလီနိုင်ငံ ပြတိုက်များတွင် တစ်ဈးနှင့်တစ်ဈး (၁ မီတာ) အကွာတွင် နေထိုင်ရန်ညွန်ကြားထားသည်။ ပြသပစ္စည်းများ၏ ရှင်းလင်းချက်များကို အသံဖြင့်ရှင်းလင်းစက်များ ငှားရမ်းမှုအစား၊ မိမိတို့၏ စမတ်ဖုန်းများဖြင့် QR code ကို စကန်ဖတ်၍ ရှင်းလင်းချက်များအား ဖတ်ရှုစေခြင်း စသည်တို့ကို ဆောင်ရွက်ထားပါသည်။
အမေရိကန်နိုင်ငံ ပြတိုက်များမဟာမိတ်အဖွဲ့ကလည်း ပြတိုက်ဖွင့်မည်ဆိုပါက ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတင်ဆန်းစစ်အကဲဖြတ်ထားရန်၊ မိမိ၏ပြတိုက် ဝန်ထမ်းများအပါအဝင် ဧည့်သည်များ ကိုဗစ်−၁၉ရောဂါ မကူးစက်စေရန်အတွက် လက်သန့်ဆေးရည်များကို လွယ်လင့်တကူအသုံးပြုနိုင်စေရန် လုံလောက်စွာထားရှိပေးရန်နှင့် တစ်ဦးနှင့်တစ်ဦး နှစ်မီတာစီခြား၍ ခပ်ခွာခွာနေစေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို တပ်ဆင်စေရန်၊ ဖျားနာနေသူများကို ပြတိုက်အတွင်း မဎင်စေရန်၊ လူထိတွေ့ကိုင်တွယ်မှု များသည့် အိမ်သာလက်ကိုင်၊ ရေဘုံဘိုင်ခေါင်း၊ မီးခလုတ်၊ ဓာတ်လှေကားခလုတ်များနှင့် လှည်းများကို မကြာခဏ သေချာစွာ ပွတ်တိုက်ဆေးကြောသန့်စင်ပေးရန်၊ ပြင်ပလေ ရရှိစေရန်အတွက် ပြတိုက်တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံရေးအရမထိခိုက်ပါက ဖွင့်ထားရန်၊ပြတိုက်ဝင်ခွင့် လက်မှတ်များကို အွန်လိုင်းမှသာမှာယူရန်နှင့် ဝင်ကြေးငွေကိုလည်း အွန်လိုင်းမှသာပေးချေခြင်းပြုလုပ်ရန်၊ အသံဖြင့်ရှင်းလင်းစက်များနှင့် လက်ကမ်းစာစောင်များ သည် ရောဂါပိုးကပ်ညှိစေနိုင်သည့်အတွက် အသုံးမပြုရန်၊ Tough Screen များ အသုံးပြုစေပါက တစ်ခါသုံးမျက်နှာပြင်ပွတ်တံများကို ထားရှိပေးရန် သို့မဟုတ် လက်သန့်ဆေးရည်များ ထားရှိပေးရန် သို့မဟုတ် အသုံးမပြုစေရန်၊ ပြခန်းများအတွင်း သတ်မှတ်လူဈးရေအထိသာ ဝင်ရောက်ခွင့်ပြုပြီး ခွင့်ပြုသည့်အချိန်ကိုပါ ကန့်သတ်၍လေ့လာခွင့်ပြုရန်၊ ပြတိုက်ရှိ ကော်ဖီဆိုင်များ၊ ကဇာတ်ရုံများတွင်လည်း ခပ်ခွာခွာနေစေရန်၊ ဝင်ပေါက်ကို တစ်ပေါက် သို့မဟုတ် ဝင်ပေါက်နှင့်ထွက်ပေါက် နှစ်ပေါက်ထားရှိရန်၊ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အချိန်အထိ အုပ်စုလိုက်လေ့လာခြင်းများကို အကန့်အသတ်ဖြင့်သာလက်ခံရန်၊ ဧည့်သည်များ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း ပြတိုက်ဎဘ်ဆိုဒ်များတွင် တင်ထားရန်နှင့် ပြတိုက်အတွင်းမြင်သာသည့်နေရာများတွင် ကပ်ထားပေးရန်၊ ဧည့်သည်များကို မသွားစေချင်သည့် နေရာများအား အတားအဆီးများ ပြုလုပ်ထားရန်၊ လူများပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် ပြတိုက်အတွင်း ဧည့်သည်များအတွက် လျှောက်လမ်းကို တစ်လမ်းသွားသာ ပြုလုပ်ပေးရန်၊ ပြတိုက်အပြင်တွင် အုပ်စုဖွဲ့ပျော်ပွဲစားထွက်ခြင်းကို ခွင့်မပြုရန်၊ ပြတိုက်အပြင်ရှိ အိမ်သာများကို ပိတ်ထားရန်၊ မိမိပြတိုက်ဝန်ထမ်းများ အစဥ်ကျန်းမာနေစေရန်အတွက် ဂရုပြုဆောင်ရွက်ပေးရန်၊ ကျန်းမာရေးဗဟုသုတများ ကြွယ်ဝနေစေရန်အတွက် ပညာပေးရန်၊ နေ့စဥ် အဖျားတိုင်း၍ ကျန်းမာရေးစစ်ဆေးပေးရန်၊ ကိုဗစ်−၁၉ရောဂါနှင့် ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဝန်ထမ်းများအနေဖြင့် ဆက်သွယ်ဆောင်ရွက်ရမည့်သူ သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို သတ်မှတ်တာဝန်ပေးရန် စသည်တို့ကို ဆောင်ရွက်ရန်အတွက် လမ်းညွန်ထားပါသည်။
မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များကို ပြန်လည်ဖွင့်လှစ်ပါက ပြတိုက်သို့ လာရောက်လေ့လာသည့် ဧည့်သည်များကို ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးစေခြင်း၊ မျက်နှာနှင့်နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ဖျားနာ ၊ ချောင်းဆိုး၊ နှာချေနေသူများ ပြတိုက်အတွင်းဝင်ခွင့်မပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆ပေ) အကွာတွင်နေစေရန်နှင့် ပြခန်းအတွင်း သတ်မှတ်ထားသည့် လူအရေအတွက်အတိုင်း ဝင်ရောက်ကြည့်ရှုစေခြင်း၊ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ၊ အုပ်စုဖြင့် (၁ဝ)ယောက်နှင့်အထက် လာရောက်လိုပါက ကြိုတင်၍ (အနည်းဆုံးနာရီဝက်) ဖုန်းဆက်၍ဖြစ်စေ၊ လူမှုကွန်ယက် တစ်ခုခုမှဖြစ်စေ ဆက်သွယ်အကြောင်းကြားစေခြင်း၊ ဧည့်သည်များ ပြတိုက်သို့မဝင်ရောက်မီ ကျန်းမာရေးနှင့်သက်ဆိုင်သော အချက်အလက်များကို ဖြည့်စွက်အတည်ပြုပြီးမှသာ ဝင်ရောက် စေခြင်း၊ ဧည့်သည်များ၏ပစ္စည်းများကို ဧည့်သည် ပစ္စည်းသိမ်းဗီရိုများအတွင်း ထည့်သွင်းသိမ်းဆည်း စေခြင်းနှင့် လိုအပ်ပါက ပိုးသတ်ဆေးဖြန်းပြီးမှထည့်ခြင်း၊ ဧည့်သည်များပြတိုက်အတွင်းမဝင်မီ တစ်ခါသုံး လက်အိတ်များ၊ ဖိနပ်စွပ်များ ဝတ်ဆင်စေခြင်း သို့မဟုတ် ပြတိုက်မှဝန်ဆောင်မှုပေးသည့် ဆေးစိမ်ဖိနပ်အား လဲလှယ်ဝတ်ဆင်စေခြင်း သို့မဟုတ် ဧည့်သည်၏ ဖိနပ်အား ပိုးသတ်ဆေးဖြန်းခြင်း၊ စကားပြော ရှင်းလင်းစက်များအသုံးပြုခြင်းကို ယာယီရပ်ဆိုင်းထားခြင်း၊ Touch Screen နှင့် လက်ဖြင့်ကိုင်တွယ်ကြည့်ရှုနိုင်သော ပြကွက်များတွင် ပြသပစ္စည်းများကို ကိုင်တွယ်ခွင့်မပြုရန်နှင့် အကယ်၍ ကိုင်တွယ်ခွင့်ပေးမည်ဆိုပါကလည်း တစ်ခါသုံးလက်အိတ်စွပ်၍ အသုံးပြုစေခြင်း၊ ဧည့်သည်များနားနေမည့် ထိုင်ခုံရှည်များတွင် (၆ပေ)ခြား သတ်မှတ်ထားသည့် အတိုင်း ထိုင်စေခြင်း၊ ပြတိုက်အတွင်း ကြည့်ရှုရန်အတွက် လမ်းကြောင်းတစ်ခုတည်းသာ ပေးခြင်း၊ ဓာတ်လှေကားအတွင်း သတ်မှတ်ထားသည့် လူဦးရေအတိုင်းစီးစေခြင်း၊ ဧည့်လမ်းညွန်များ လူစုလူဝေးဖြင့် ရှင်းလင်း ပြသခြင်းကိုမပြုလုပ်စေခြင်း စသည့်အချက်များကို ဧည့်သည်များက လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဝန်ကြီးဌာနအသီးသီးမှ ဖွင့်လှစ်ထားရှိသည့် ပြတိုက်များအပြင် အခြားသောပြတိုက်များနှင့် ပန်းချီပြခန်းများသည်လည်း ကိုဗစ်−၁၉ရောဂါ ကာကွယ်ကုသရေး အတွက် ဆေးဝါးမပေါ်ပေါက်သေးခင်အချိန်အတွင်း မိမိတို့၏ပြတိုက်များနှင့် ပြခန်းများကို အများပြည်သူအား ဖွင့်လှစ်ပြသမည်ဆိုပါက ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေသည့် အထက်တွင်ရေးသားခဲ့သော ပြတိုက်များတွင် ပုံစံသစ်ဖြင့်ပုံမှန်နေထိုင် ဆောင်ရွက်သွားသင့်သည့် စည်းကမ်းချက်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် ရေးသား လိုက်ရပေသည်။
ကိုဗစ်−၁၉ ဗိုင်းရပ်စ်ကူးစက်ခံရပါက ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ အသက်ရှူကြပ်ခြင်းတို့အပြင် ပိုမိုဆိုးရွားပါက အဆုတ်ရောင်ရောဂါဖြစ်ပွားကာ အသက် အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါသည်။
ကိုဗစ်−၁၉ ဗိုင်းရပ်စ်ပိုးသည် ကူးစက်မှုလွယ်ကူလျှင်မြန်သဖြင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် သို့မဟုတ် အယ်လကိုဟော ၆၀% ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်ကိုမကြာခဏဆေးပေးခြင်း၊ နှာချေ၊ချောင်းဆိုးလျှင် နှာခေါင်းနှင့် ပါးစပ်တို့ကို လုံခြုံစွာ အုပ်ထားခြင်း၊ လူတစ်ဦးနှင့်တစ်ဦးတွေ့လျှင် လက်ဆွဲနှုတ်ဆက်ခြင်း သို့မဟုတ် ပွေ့ဖက် နှုတ်ဆက်ခြင်းမျိုးကိုမပြုလုပ်ခြင်း၊ လူစုလူဝေးကို ရှောင်ရှားခြင်း၊ မဖြစ်မနေ အိမ်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လူတစ်ဦးနှင့်တစ်ဦး နှစ်မီတာ (၆ပေ)အကွာ နေထိုင်ခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုအပ်ပါသည်။
ပြတိုက်များကို ဖွင့်လှစ်ရသည့် အဓိကရည်ရွယ်ချက်များအနက် တစ်ချက်ဖြစ်သည့် “အများပြည်သူ စိတ်ချမ်းမြေ့စွာ လေ့လာနိုင်စေရန်” ဟူသည့်အချက်ကို အပြည့်အဝ မဟုတ်သော်လည်း တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းပေးသည့်အနေဖြင့် ကိုဗစ်−၁၉ ကာလအတွင်း ပြတိုက်များ ပိတ်ထားရသည့်အချိန်တွင် ပြတိုက်များသည် မိမိတို့ပြတိုက်များ၏ ဝက်ဘ်ဆိုက် များ၊ ဖေ့စ်ဘွတ် စာမျက်နှာများနှင့် အခြားသော လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ပြတိုက်တွင် ပြသထားသည့် ပြသပစ္စည်းများနှင့်ပတ်သက်သော ဓာတ်ပုံများ၊ ဗီဒီယိုများကို ထုတ်လွှင့်ပြသခြင်း၊ Video Confrencing ပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
ထို့အပြင် နှစ်စဉ် မေလ (၁၈) ရက်နေ့တွင် ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့”၌ မြန်မာနိုင်ငံ၏ အမျိုးသားပြတိုက်များတွင် ကျင်းပမြဲဖြစ်သော အထိမ်းအမှတ် အခမ်းအနားများ၊ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို လူစုလူဝေးဖြင့် မကျင်းပနိုင်ခဲ့၍ ဗြိတိသျှကောင်စီ (မြန်မာ)၏ အကူအညီဖြင့် “အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့” နှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြတိုက်ပညာရှင်များနှင့်ဝန်ထမ်းများ၏ ရှင်းလင်းပြောကြားချက်များကို ဗီဒီယိုရိုက်ကူးကာ ဗြိတိသျှကောင်စီ(မြန်မာ)၏ ဖေ့စ်ဘွတ် စာမျက်နှာမှတစ်ဆင့် ထုတ်လွှင့်နိုင်ခဲ့ပါသည်။
အမေရိကန်နိုင်ငံ ပြတိုက်များမဟာမိတ်အဖွဲ့ကလည်း ပြတိုက်ဖွင့်မည်ဆိုပါက ကြုံတွေ့ရမည့် အခက်အခဲများကို ကြိုတင်ဆန်းစစ်အကဲဖြတ်ထားရန်၊ မိမိ၏ပြတိုက် ဝန်ထမ်းများအပါအဝင် ဧည့်သည်များ ကိုဗစ်−၁၉ရောဂါ မကူးစက်စေရန်အတွက် လက်သန့်ဆေးရည်များကို လွယ်လင့်တကူအသုံးပြုနိုင်စေရန် လုံလောက်စွာထားရှိပေးရန်နှင့် တစ်ဦးနှင့်တစ်ဦး နှစ်မီတာစီခြား၍ ခပ်ခွာခွာနေစေရန်၊ ပါးစပ်နှင့်နှာခေါင်းစည်းများကို တပ်ဆင်စေရန်၊ ဖျားနာနေသူများကို ပြတိုက်အတွင်း မဝင်စေရန်၊ လူထိတွေ့ကိုင်တွယ်မှု များသည့် အိမ်သာလက်ကိုင်၊ ရေဘုံဘိုင်ခေါင်း၊ မီးခလုတ်၊ ဓာတ်လှေကားခလုတ်များနှင့် လှည်းများကို မကြာခဏ သေချာစွာ ပွတ်တိုက်ဆေးကြောသန့်စင်ပေးရန်၊ ပြင်ပလေ ရရှိစေရန်အတွက် ပြတိုက်တံခါးနှင့် ပြတင်းပေါက်များကို လုံခြုံရေးအရမထိခိုက်ပါက ဖွင့်ထားရန်၊ ပြတိုက်ဝင်ခွင့် လက်မှတ်များကို အွန်လိုင်းမှသာမှာယူရန်နှင့် ဝင်ကြေးငွေကိုလည်း အွန်လိုင်းမှသာပေးချေခြင်းပြုလုပ်ရန်၊ အသံဖြင့်ရှင်းလင်းစက်များနှင့် လက်ကမ်းစာစောင်များ သည် ရောဂါပိုးကပ်ညှိစေနိုင်သည့်အတွက် အသုံးမပြုရန်၊ Tough Screen များ အသုံးပြုစေပါက တစ်ခါသုံးမျက်နှာပြင်ပွတ်တံများကို ထားရှိပေးရန် သို့မဟုတ် လက်သန့်ဆေးရည်များ ထားရှိပေးရန် သို့မဟုတ် အသုံးမပြုစေရန်၊ ပြခန်းများအတွင်း သတ်မှတ်လူဦးရေအထိသာ ဝင်ရောက်ခွင့်ပြုပြီး ခွင့်ပြုသည့်အချိန်ကိုပါ ကန့်သတ်၍လေ့လာခွင့်ပြုရန်၊ ပြတိုက်ရှိ ကော်ဖီဆိုင်များ၊ ကဇာတ်ရုံများတွင်လည်း ခပ်ခွာခွာနေစေရန်၊ ဝင်ပေါက်ကို တစ်ပေါက် သို့မဟုတ် ဝင်ပေါက်နှင့်ထွက်ပေါက် နှစ်ပေါက်ထားရှိရန်၊ ကိုဗစ်−၁၉ ရောဂါထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အချိန်အထိ အုပ်စုလိုက်လေ့လာခြင်းများကို အကန့်အသတ်ဖြင့်သာလက်ခံရန်၊ ဧည့်သည်များ လိုက်နာရမည့်စည်းကမ်းချက်များကိုလည်း ပြတိုက်ဝဘ်ဆိုဒ်များတွင် တင်ထားရန်နှင့် ပြတိုက်အတွင်းမြင်သာသည့်နေရာများတွင် ကပ်ထားပေးရန်၊ ဧည့်သည်များကို မသွားစေချင်သည့် နေရာများအား အတားအဆီးများ ပြုလုပ်ထားရန်၊ လူများပိတ်ဆို့မှုကို ရှောင်ရှားနိုင်ရန် ပြတိုက်အတွင်း ဧည့်သည်များအတွက် လျှောက်လမ်းကို တစ်လမ်းသွားသာ ပြုလုပ်ပေးရန်၊ ပြတိုက်အပြင်တွင် အုပ်စုဖွဲ့ပျော်ပွဲစားထွက်ခြင်းကို ခွင့်မပြုရန်၊ ပြတိုက်အပြင်ရှိ အိမ်သာများကို ပိတ်ထားရန်၊ မိမိပြတိုက်ဝန်ထမ်းများ အစဉ်ကျန်းမာနေစေရန်အတွက် ဂရုပြုဆောင်ရွက်ပေးရန်၊ ကျန်းမာရေးဗဟုသုတများ ကြွယ်ဝနေစေရန်အတွက် ပညာပေးရန်၊ နေ့စဉ် အဖျားတိုင်း၍ ကျန်းမာရေးစစ်ဆေးပေးရန်၊ ကိုဗစ်−၁၉ရောဂါနှင့် ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ဝန်ထမ်းများအနေဖြင့် ဆက်သွယ်ဆောင်ရွက်ရမည့်သူ သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို သတ်မှတ်တာဝန်ပေးရန် စသည်တို့ကို ဆောင်ရွက်ရန်အတွက် လမ်းညွှန်ထားပါသည်။(ဆက်ရန်)
မြန်မာနိုင်ငံတွင်လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန လက်အောက်ရှိ ပြတိုက်များကို ပြန်လည်ဖွင့်လှစ်ပါက ပြတိုက်သို့ လာရောက်လေ့လာသည့် ဧည့်သည်များကို ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးစေခြင်း၊ မျက်နှာနှင့်နှာခေါင်းစည်းများ တပ်ဆင်စေခြင်း၊ ဖျားနာ ၊ ချောင်းဆိုး၊ နှာချေနေသူများ ပြတိုက်အတွင်းဝင်ခွင့်မပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆ပေ) အကွာတွင်နေစေရန်နှင့် ပြခန်းအတွင်း သတ်မှတ်ထားသည့် လူအရေအတွက်အတိုင်း ဝင်ရောက်ကြည့်ရှုစေခြင်း၊ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ၊ အုပ်စုဖြင့် (၁၀)ယောက်နှင့်အထက် လာရောက်လိုပါက ကြိုတင်၍ (အနည်းဆုံးနာရီဝက်) ဖုန်းဆက်၍ဖြစ်စေ၊ လူမှုကွန်ယက် တစ်ခုခုမှဖြစ်စေ ဆက်သွယ်အကြောင်းကြားစေခြင်း၊ ဧည့်သည်များ ပြတိုက်သို့မဝင်ရောက်မီ ကျန်းမာရေးနှင့်သက်ဆိုင်သော အချက်အလက်များကို ဖြည့်စွက်အတည်ပြုပြီးမှသာ ဝင်ရောက် စေခြင်း၊ ဧည့်သည်များ၏ပစ္စည်းများကို ဧည့်သည် ပစ္စည်းသိမ်းဗီရိုများအတွင်း ထည့်သွင်းသိမ်းဆည်း စေခြင်းနှင့် လိုအပ်ပါက ပိုးသတ် ဆေးဖြန်းပြီးမှထည့်ခြင်း၊ ဧည့်သည်များပြတိုက်အတွင်းမဝင်မီ တစ်ခါသုံး လက်အိတ်များ၊ ဖိနပ်စွပ်များ ဝတ်ဆင်စေခြင်း သို့မဟုတ် ပြတိုက်မှဝန်ဆောင်မှုပေးသည့် ဆေးစိမ်ဖိနပ်အား လဲလှယ်ဝတ်ဆင်စေခြင်း သို့မဟုတ် ဧည့်သည်၏ ဖိနပ်အား ပိုးသတ်ဆေးဖြန်းခြင်း၊ စကားပြော ရှင်းလင်းစက်များအသုံးပြုခြင်းကို ယာယီရပ်ဆိုင်းထားခြင်း၊ Tough Screen နှင့် လက်ဖြင့်ကိုင်တွယ်ကြည့်ရှုနိုင်သော ပြကွက်များတွင် ပြသပစ္စည်းများကို ကိုင်တွယ်ခွင့် မပြုရန်နှင့် အကယ်၍ ကိုင်တွယ်ခွင့်ပေးမည်ဆိုပါကလည်း တစ်ခါသုံးလက်အိတ်စွပ်၍ အသုံးပြုစေခြင်း၊ ဧည့်သည်များနားနေမည့် ထိုင်ခုံရှည်များတွင် (၆ပေ)ခြား သတ်မှတ်ထားသည့် အတိုင်း ထိုင်စေခြင်း၊ ပြတိုက်အတွင်း ကြည့်ရှုရန်အတွက် လမ်းကြောင်းတစ်ခုတည်းသာ ပေးခြင်း၊ ဓာတ်လှေကားအတွင်း သတ်မှတ်ထားသည့် လူဦးရေအတိုင်းစီးစေခြင်း၊ ဧည့်လမ်းညွှန်များ လူစုလူဝေးဖြင့် ရှင်းလင်း ပြသခြင်းကိုမပြုလုပ်စေခြင်း စသည့်အချက်များကို ဧည့်သည်များက လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ပါသည်။
No comments:
Post a Comment